Other Sports: ဝင်ဘယ်ဒန်မှာ အောင်ပွဲတွေ ရနေတဲ့ ရုရှားတင်းနစ်မယ်

ဗက်စ်နီနာက ပလေးဘွိုင်းမော်ဒယ်အဖြစ်လည်း ဓာတ်ပုံတွေ ရိုက်ထားဖူးပါတယ်။

play

 

ဝင်ဘယ်ဒန် အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်လာပြီးနောက် ထူးထူးခြားခြား ပွဲတစ်ပွဲကို ပရိသတ်တွေ ကြည့်ရှုရဦးမှာဖြစ်ပါတယ်။ အထူးသဖြင့် ပရိသတ်စိတ်ဝင်စားမှုကို ရနေတာက တင်းနစ်အကျော်အမော် ဆီရီနာဝီလျံနဲ့ ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရမယ့်သူက ရုရှားတင်းနစ်မယ် အယ်လီနာဗက်စ်နီနာ ဖြစ်ပါတယ်။

play

 

အသက် ၂၉ နှစ်အရွယ် ဗက်စ်နီနာက ကမ္ဘာ့အဆင့် ၅၀ သာသတ်မှတ်ခံထားရပေမဲ့ ထူးထူးခြားခြား လက်စွမ်းပြပြီး ကွာတားဖိုင်နယ်မှာ ဆလိုဗက်ကီးယားက စီဘူကော်ဗာကို ကျော်ဖြတ်လာတာ ဖြစ်ပါတယ်။

play

 

ဗက်စ်နီနာနဲ့ ဆီရီနာကြားမှာတိုက်ရိုက် ရှုံးကြွေးမရှိပေမဲ့ မိသားစု ရှုံးကြွေးတော့ ရှိပါတယ်။

play

 

လွန်ခဲ့တဲ့ လေးနှစ်တာ ကာလတုန်းက ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ဗက်စီနာက ဆီရီနာဝီလျံရဲ့ ညီမဖြစ်သူ ဗီးနက်စ်ဝီလျံကို ပထမဆင့်မှာတင် အနိုင်ယူခဲ့ဖူးပါတယ်။ အခုက ညီမဖြစ်သူရဲ့ ရှုံးကြွေးအတွက် ဆီရီနာပြန်ပြီး အကြွေးဆပ်ပေးရမှာပါ။ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ဗက်စ်နီနာက ကွင်းအတွင်း မထင်မှတ်ထားတဲ့ လက်စွမ်းတွေ ထုတ်ပြတတ်သူ ဖြစ်တာတစ်ခုတည်းကြောင်း နာမည်ကြီးတာမဟုတ်ပါဘူး။

play

 

ခန္ဓာကိုယ်အလှပေါ်လွင်စေတဲ့ ပလေးဘွိုင်းဓာတ်ပုံတွေ ရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက ရုရှားမှာထုတ်ဝေတဲ့ ပလေးဘွိုင်းမဂ္ဂဇင်းမှာ ပါဝင်ခဲ့တဲ့ ဓာတ်ပုံတွေနဲ့တင်သူမက ပုရိသပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိထားတာပါ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ