Other Sports: ဆရီနာဝီလျံ ဝင်ဘယ်လ်ဒန်တင်းနစ် ဗိုလ်လုပွဲ တက်ရောက်

ဆရီနာက ဝင်ဘယ်လ်ဒန်ချန်ပီယံဆုကို ၆ ကြိမ် ရရှိထားသူဖြစ်ပါတယ်။

play


ကမ္ဘာ့အဆင့်တစ် အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံက ဝင်ဘယ်လ်ဒန်ပြိုင်ပွဲမှာ ရုရှားတင်းနစ်မယ် ဗက်စ်နီနာကို ၆-၂၊ ၆-၀ ဖြင့် ၄၈ မိနစ်အတွင်း အနိုင်ယူကာ ဗိုလ်လုပွဲကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

play


ဆရီနာက ဝင်ဘယ်လ်ဒန် ဗိုလ်လုပွဲမှာ အစ်မဖြစ်သူ ဗီးနပ်စ်နဲ့ ကာဘာတို့ရဲ့ ဆီးမီးဖိုင်နယ်ပွဲစဉ်မှ အနိုင်ရသူနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

play


ဆရီနာက ဝင်ဘယ်လ်ဒန်ချန်ပီယံဆုကို ၆ ကြိမ် ရရှိထားသူဖြစ်ပြီး ဂရင်းဆလင်းအဆင့် ချန်ပီယံဆု စုစုပေါင်း ၂၁ ကြိမ် ရယူထားနိုင်ပါတယ်။ ဂရင်းဆလင်း ချန်ပီယံဆုကို ၂၂ ကြိမ်မြောက် ဆွတ်ခူးနိုင်ရန် ဆရီနာက ရည်ရွယ်ထားကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ