Other Sports: ဆရီနာနဲ့ ကာဘာ ဝင်ဘယ်လ်ဒန် ဗိုလ်လုပွဲမှာ တွေ့ဆုံ

ဝင်ဘယ်လ်ဒန်တင်းနစ် အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်ကို ဇူလိုင် ၉ ရက် ည ၇း၃၀ (မြန်မာစံတော်ချိန်) မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

play


၂၀၁၆ ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲမှာ နာမည်ကြီးနှစ်ဦးဖြစ်တဲ့ ကမ္ဘာ့အဆင့်တစ် ဆရီနာနဲ့ ဂျာမန်တင်းနစ်မယ် အန်ဂျလီကေး ကာဘာတို့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

play


ယနေ့ (ဇူလိုင် ၇ ရက်) ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်မှာ ကာဘာက ဗီးနပ်စ်ဝီလျံကို ၆-၄၊ ၆-၄ ဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပါတယ်။

play


အစောပိုင်းပွဲစဉ်မှာ ဆရီနာက ဗက်စ်နီနာကို ၆-၂၊ ၆-၀ ဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်တစ် အမေရိကန်တင်းနစ်မယ် ဆရီနာက ဂရင်းဆလင်း ချန်ပီယံ ၂၁ ကြိမ် ဖြစ်ထားပြီး ဝင်ဘယ်လ်ဒန် ဆုဖလားကို ၆ ကြိမ် ရရှိထားပါတယ်။

play


ကာဘာကတော့ ယခုနှစ် သြစတြေးလျအိုးပင်း ချန်ပီယံဆုကို ရရှိခဲ့ပြီး အဆိုပါဆုမှာ သူမအတွက် ပထမဆုံး ဂရင်းဆလင်း ချန်ပီယံဆုလည်း ဖြစ်ခဲ့ပါတယ်။ ဝင်ဘယ်လ်ဒန်တင်းနစ် အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်ကို ဇူလိုင် ၉ ရက် ည ၇း၃၀ (မြန်မာစံတော်ချိန်) မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
Source & Photo: BBC, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ