Other Sports: ဝင်ဘယ်လ်ဒန်ချန်ပီဆုံကို ဆရီနာဝီလျံ ခုနစ်ကြိမ်မြောက် ဆွတ်ခူး

ဝင်ဘယ်လ်ဒန်ချန်ပီယံဆုဟာ ဆရီနာအတွက် ၂၂ ကြိမ်မြောက် ဂရင်းဆလင်းချန်ပီယံဆုလည်း ဖြစ်လာခဲ့ပါတယ်။

play


ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်ကို ယနေ့ (ဇူလိုင် ၉ ရက်) ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံက ဂျာမန်သူ အန်ဂျလီကေးကာဘာကို ၇-၅၊ ၆-၃ ဖြင့် အနိုင်ရရှိပြီး ဝင်ဘယ်လ်ဒန်ချန်ပီယံဆုကို ခုနစ်ကြိမ်မြောက် ဆွတ်ခူးသွားပါတယ်။

play

 

play


ယခုနှစ် ဝင်ဘယ်လ်ဒန်ချန်ပီယံဆုဟာ ဆရီနာအတွက် ၂၂ ကြိမ်မြောက် ဂရင်းဆလင်း ချန်ပီယံဆုလည်း ဖြစ်လာခဲ့ပါတယ်။

play
play


ဆရီနာက သြစတြေးလျအိုးပင်း ချန်ပီယံဆု ၆ ကြိမ်၊ ပြင်သစ်အိုးပင်း ချန်ပီယံဆု ၃ ကြိမ်၊ အမေရိကန်အိုးပင်း ချန်ပီယံဆု ၆ ကြိမ်နဲ့ ဝင်ဘယ်လ်ဒန်ချန်ပီယံဆု ၇ ကြိမ်ဖြင့် ဂရင်းဆလင်းချန်ပီယံဆု စုစုပေါင်း ၂၂ ကြိမ် ရရှိထားခဲ့ပါတယ်။

play


ဆရီနာက ဂရင်းဆလင်းချန်ပီယံဆုကို ၂၂ ကြိမ်ရရှိထားတဲ့ စတက်ဖနီ ဂရတ်ဖ်နဲ့ စံချိန်တူညီသွားခဲ့ပြီ ဖြစ်ပါတယ်။

play


ဆရီနာနဲ့ ကာဘာတို့ရဲ့ပွဲစဉ်ကို အနုပညာရှင်စုံတွဲဖြစ်တဲ့ ဂျေဇီးနဲ့ ဘီယွန်းဆေးတို့စုံတွဲ၊ ဟောလိဝုဒ် နာမည်ကြီးမင်းသမီး နာတာလီပို့တ်မန်းတို့ လာရောက်ကြည့်ရှုခဲ့တာ တွေ့ရပါတယ်။
Source & Photo: BBC, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ