Other Sports: ဝင်ဘယ်ဒန် ချန်ပီယံဆုကို အန်ဒီမာရေး နှစ်ကြိမ်မြောက်ဆွတ်ခူး

အန်ဒီမာရေးအတွက် သုံးနှစ်အတွင်း နှစ်ကြိမ်မြောက် ဝင်ဘယ်ဒန်ဆုဖလား ဖြစ်ခဲ့ပါတယ်။

play

 

လန်ဒန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဝင်ဘယ်ဒန် ၂၀၁၆ ပြိုင်ပွဲမှာ အန်ဒီမာရေးက ပြိုင်ဘက်ကနေဒါ ကစားသမား ရာအိုနစ်ကိုအနိုင်ယူပြီး ချန်ပီယံဖြစ်သွားခဲ့ပါပြီ။ အခု ဝင်ဘယ်ဒန် ချန်ပီယံဆုဟာ စကော့တင်းနစ်ကစားသမား မာရေးအတွက် ဒုတိယအကြိမ်မြောက် ဆုဖလားလည်းဖြစ်ပါတယ်။

play

 

၂၀၁၃ တုန်းက ချန်ပီယံဖြစ်ခဲ့တာကို မာရေးက နောက်ထပ် နှစ်နှစ်အကြာမှာ ထပ်ပြီး အောင်မြင်မှု ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ မာရေးက ပြိုင်ဘက်ရာအိုနစ်ကို ၆-၄၊ ၇-၆၊ ၇-၆ နဲ့ ပွဲငယ်သုံးပွဲ အနိုင်ယူလိုက်တာ ဖြစ်ပါတယ်။ ၁၉၃၅ ဖရက်ပါရီပြီးရင် အခု မာရေးက ဝင်ဘယ်ဒန်ဖလား နှစ်ကြိမ်မြောက် ယူနိုင်တဲ့ ပထမဆုံး ဗြိတိန်တင်းနစ်သမားလည်း ဖြစ်လာပါတယ်။

play

 

ပွဲအပြီးမှာ မာရေးက ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းကို ကျေးဇူးတင်စကား ပြောတဲ့အချိန် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပါသေးတယ်။

play

 

ဒီပွဲစဉ်ကို မင်းသားဟယ်ရီတို့ ဇနီးမောင်နှံ၊ မကြာခင်ရာထူးက အနားယူကတော့ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့အပြင် အခြားနာမည်ကျော်တွေ တက်ရောက်ခဲ့ကြပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ