Other Sports: လွှတ်တော်အမတ် ပက်ကွီယို လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်ဝင်မည်

အစောဆုံးပွဲစဉ်က လာမယ့် နိုဝင်ဘာလလောက်မှာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

 

ကြေးစားလက်ဝှေ့သမား အဖြစ်ကနေ အနားယူထားတဲ့ ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီယို မကြာခင် လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်ဝင်လာဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ပွဲစီစဉ်သူဖြစ်တဲ့ ဘော့အာရမ် ပြောပြချက်အရ ပက်ကွီယိုက ကြိုးဝိုင်းထဲ ပြန်ဝင်ပြီး လက်အိတ်တွေ စွပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

ကြိုးဝိုင်းထဲ ပြန်ဝင်ပြီး ပက်ကွီယို ပြန်လည်ထိုးသတ်မယ့်ပွဲဟာ လာမယ့်အောက်တိုဘာလသို့မဟုတ် နိုဝင်ဘာလမှာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ပြန်လည်ထိုးသတ်မယ့်ပွဲစဉ်အတွက် နေရာရှာဖွေစုံစမ်းနေဆဲ ဖြစ်ပြီး အခပေးရုပ်သံလိုင်းက ပြသမယ့် ပွဲလည်း ဖြစ်လိမ့်မယ်လို့ ဘော့အာရမ်က ပြောပါတယ်။ ပွဲထိုးသတ်မယ့်နေရာက ပွဲကြီးပွဲကောင်းတွေ ကျင်းပလေ့ရှိတဲ့ MGM ခန်းမသို့မဟုတ် MGM ခန်းမနဲ့ ဆက်နွယ်နေတဲ့ မန္တလေးဘေးခန်းမနေရာလည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။

 

ဒါပေမဲ့ လက်ဝှေ့လောကကို ပြန်ဝင်မယ်ဆိုရင်တောင် ဖိလစ်ပိုင်လွှတ်တော်အမတ်တာဝန်တွေကိုတော့ ပျက်ကွက်မှာ မဟုတ်ဘူးလို့ ပက်ကွီယိုကလည်း တွစ်တာကတစ်ဆင့် တရားဝင်ထုတ်ပြောထားပါတယ်။ ပွဲထိုးသတ်ဖို့အတွက် အသေအချာမဆွေးနွေးရသေးပေမဲ့ လေ့ကျင့်ခန်း ပြန်ဆင်းဖြစ်ရင်လည်း လွှတ်တော်တာဝန်တွေကိုတော့ ပူးတွဲထမ်းဆောင်နေဦးမယ်လို့ ပြောပါတယ်။

Source : USAToday

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ