Other Sports: ရောင်းမကုန်သေးသည့် ရီယိုအိုလံပစ်လက်မှတ်များ သုံးပုံတစ်ပုံရှိနေ

အိုလံပစ်ပြိုင်ပွဲစတင်ဖို့က သုံးပတ်လောက်သာ လိုတော့တဲ့ အချိန် ဖြစ်ပါတယ်။

play

 

မကြာခင် စတင်ကျင်းပတော့မယ့် ဘရာဇီးရီယိုအိုလံပစ် ပြိုင်ပွဲအတွက် ရောင်းမကုန်သေးတဲ့လက်မှတ်တွေ သုံးပုံတစ်ပုံအထိ ရှိနေသေးတယ်လို့ သိရပါတယ်။ ပြဿနာများစွာ ရှိနေတဲ့ အိုလံပစ်ပြိုင်ပွဲကို ရီယိုဒီဂျနေးရိုးမြို့မှာ စတင်ကျင်းပဖို့ သုံးပတ်ခန့်သာ လိုတော့တဲ့ အချိန်ဖြစ်ပါတယ်။

" ရောင်းချခွင့်ရှိတဲ့ စုစုပေါင်း လက်မှတ် ၇၀ ရာခိုင်နှုန်းကျော်ကို ကျွန်တော်တို့ ရောင်းထားပြီးပါပြီ။ ကျွန်တော်တို့ရဲ့ အဓိကပစ်မှတ်က လက်မှတ်တွေ ကုန်အောင် ရောင်းပေးဖို့ပါပဲ" လို့ ပြိုင်ပွဲကျင်းပရေး ကော်မတီက ပြောရေးဆိုခွင့်ရှိသူ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက ဖော်ပြပါတယ်။ ရီယိုအိုလံပစ်ပြိုင်ပွဲကျင်းပမယ့် ဘရာဇီးမှာမှာ နိုင်ငံရေးပြဿနာ၊ ဘဏ္ဍာရေးပြဿနာနဲ့ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်ပါတယ်။

play

 

ဘရာဇီးနိုင်ငံတဝန်းမှာလည်း ရုပ်သံတွေကတစ်ဆင့် အိုလံပစ်ပြိုင်ပွဲကို ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ CNN သတင်းဌာနကလည်း ဘရာဇီးမှာ ပရိသတ်တွေ အဓိကကြုံတွေ့ရမယ့် ပြဿနာက လုံခြုံရေးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Source : CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ