Other Sports: ဆန္ဒပြသူက ဘရာဇီးအိုလံပစ် မီးရှူးတိုင်ကို ငြိမ်းသတ်ရန် ကြိုးစား

ဘရာဇီးမှာ အိုလံပစ်ပွဲတော်ကို ဆန္ဒပြမှုတွေ ပိုပြီးများပြားလာပါတယ်။

play

 

မကြာခင်ကျင်းပတော့မယ့် ရီယိုအိုလံပစ် ပြိုင်ပွဲအတွက် သယ်ဆောင်လာတဲ့ မီးရှုးတိုင်ကို ဆန္ဒပြသူတစ်ဦးက ငြိမ်းသတ်ဖို့ ကြိုးစားခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေ ဝိုင်းဝန်းဖမ်းဆီးလိုက်ရပါတယ်။ ဒါဟာ ဘရာဇီးမှာ ရောက်ရှိနေပြီဖြစ်တဲ့ အိုလံပစ် မီးရှုးတိုင်ကို ငြိမ်းသတ်ဖို့ ကြိုးစားတာ နှစ်ကြိမ်မြောက် ဖြစ်ရပ်ဖြစ်ပါတယ်။

play

 

ဘရာဇီးမှာ အိုလံပစ်ပြိုင်ပွဲမတိုင်ခင် များစွာသော ပြဿနာကိုတွေ ရင်ဆိုင်နေရတာကြောင့် ဆန္ဒပြသူ အများအပြားက ပုံစံမျိုးစုံနဲ့ ဆန္ဒပြလျှက်ရှိပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က ဘရာဇီးနိုင်ငံ ဂျွိုင်းဗီးလ်မြို့ကို ဖြတ်ကျော်သယ်ဆောင်လာတဲ့ အိုလံပစ် မီးရှူးတိုင်ကို အမျိုးသား တစ်ဦးကို ရုတ်တရက်ဝင်ရောက်ပြီး မီးသတ်ဆေးဗူးနဲ့ ငြိမ်းသတ်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပဲ ရဲတွေ အချိန်မီ တားနိုင်ခဲ့ပါတယ်။

play

 

မကြာသေးခင်ကလည်း အိုလံပစ်မီးရှူးတိုင်နဲ့အတူ ပြသထားတဲ့ ကျားသစ်တစ်ကောင် လွတ်မြောက်သွားလို့ အသေပစ်ခတ်ဖမ်းဆီးခဲ့ရပါသေးတယ်။ အိုလံပစ် ပွဲတော်ကို သြဂုတ်လ ၁၅ ရက်နေ့ကျရင် စတင်မှာ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ