Other Sports: ဆက်စီအကျဆုံး အားကစားသမားအဖြစ် သတ်မှတ်ခံရထားရသူ

၁၄ နှစ်အရွယ်မှာကတည်းက ဂေါ့ဖ်ပြိုင်ပွဲ ဆုတံဆိပ်တွေ ရရှိခဲ့တာဖြစ်ပါတယ်။

play

 

ပရော်ဖက်ရှင်နယ် ဂေါ့ဖ်အားကစားသမားအဖြစ် ရပ်တည်နေတဲ့ အမေရိကန်သူ ချယ်လ်ဆီးပက်ဇိုလာဟာ ပရော်ဖက်ရှင်နယ်ဘဝစပြီး သိပ်မကြာခင်မှာပဲ ပရိသတ်အခိုင်အမာ ရသူ ဖြစ်လာခဲ့ပါတယ်။ အားကစားသမားတွေအတွက် အားကစားမှာ ထူးချွန်ရုံသာမက​ ရုပ်ရည်ပြေပြခြင်းကလည်း အားသာချက်တစ်ရပ် ဖြစ်နေတဲ့ဆိုတာ ပက်ဇိုလာက သက်သေပြလျှက်ရှိပါတယ်။

play
play

 

သူကမ အခု အင်စတာဂရမ်မှာဖော်လိုဝါ တစ်သိန်းလေးသောင်းကျောအထိ ရရှိထားသူဖြစ်ပါတယ်။ ထူးခြားချက်တော့ သူမဟာ မော်ဒယ်အလုပ်ကိုလည်း ဝါသနာပါသူဖြစ်ပြီး ပလေးဘွိုင်းမဂ္ဂဇင်းအတွက် ဓာတ်ပုံတွေ ရိုက်ပေးထားသူလည်း ဖြစ်ပါတယ်။

play

 

လောလောဆယ်တော့ သူမက အမေရိကန်မှာကျင်းပနေတဲ့ Suncoast ဂေါ့ဖ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လျှက်ရှိပါတယ်။ ဂေါ့ဖ်သီးအားကစားလောကမှာလည်း သူမကို ထွန်းတောက်လာမယ့်ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ထားကြတာပါ။

play

 

အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ ပက်ဇိုလာက အသက် ၁၄ နှစ်အရွယ်မှာကတည်း ဖလားရဖူးထားသူ ဖြစ်ပါတယ်။ ဖလော်ရီဒါမှာ နေထိုင်နေတဲ့ သူမက ၂၀၀၆ ခုနှစ်မှာ ဒေသတွင်းဂေါ့ဖ်ပြိုင်ပွဲ ဝင်ပြိုင်ခဲ့ပြီး တန်ဖိုးအရှိဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။

play

ဂေါ့ဖ်အားကစားမှာ ထူးချွန်ရုံသာမက မော်ဒယ်တစ်ယောက်ရဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

play

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ