Other Sports: အသတ်အပုတ် ကြိုးဝိုင်းဘက်ကို စိတ်ဝင်စားနေတဲ့ ရော်နယ်ဒို

ရော်နယ်ဒိုက အမေရိကမှာ အပန်းဖြေခရီးတွေ ထွက်နေတုန်း ဖြစ်ပါတယ်။

play

 

သက်ဆိုင်ရာ အားကစားလောကအသီးသီးမှာ ထိပ်သီးအဆင့်ကို ရောက်ရှိနေကြတဲ့ အားကစားသမား နှစ်ဦးဟာ အမေရိကန်လက်စ်ဗီးဂတ်မှာ တွေ့ဆုံခဲ့ကြပါတယ်။

play

 

ဗြိတိန်က အိုင်းရစ်ခ်ျတိုက်ခိုက်ရေး အားကစားသမား မက်ဂရီဂါနဲ့ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ရော်နယ်ဒိုတို့ အတူ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ UFC တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်တဲ့ မက်ဂရီဂါက အချိန်အတန်ကြာ ရပ်နားထားတဲ့ သူ့ရဲ့ပွဲစဉ်ပြန်လည်စတင်ဖို့အတွက် ပြင်ဆင်နေသူ ဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ပေါ်တူဂီအသင်းနဲ့ ယူရိုချန်ပီယံရှစ် ပြိုင်ပွဲပြီးဆုံးလို့ နောက်ထပ် ရီးရဲလ်မက်ဒရစ်နဲ့ ရာသီသစ်မစခင် အမေရိကမှာ အပန်းဖြေခရီးထွက်နေသူ ဖြစ်ပါတယ်။

play

 

သူတို့နှစ်ဦး တွေ့ဆုံခိုက် အင်္ကျီမပါဘဲ အတူတူလေ့ကျင့်ခန်း ဆင်းနေကြတဲ့ပုံတွေဟာ လူမှုကွန်ရက်မှာလည်း ပျံ့နှံ့လာပါတယ်။ ဒီပုံတွေကို ရော်နယ်ဒိုက သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ထားခဲ့တာဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ