Other Sports: ရုရှား အားကစားသမား ၁၀၀ ကျော်ကို အိုလံပစ်ဝင်ခွင့် ပိတ်ပင်ဟု ဆို

တားမြစ်ဆေးသုံးစွဲတဲ့ အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့လို့ ဖြစ်ပါတယ်။

play

 

အိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားသမား အနည်းဆုံး ၁၀၅ ဦးကို ပြိုင်ပွဲဝင်ခွင့်ပိတ်ပင်သွားမယ်လို့ သိရပါတယ်။ Time သတင်းဌာနရဲ့ ဖော်ပြချက်အရ ပြိုင်ပွဲရောက်ခွင့် အပိတ်ခံရတဲ့ ကစားသမား အများစုဟာ ကနူးလှေ၊ ရွက်လှေနဲ့ ငါးမျိုးစုံပြိုင်ပွဲက အားကစားသမားတွေ ဖြစ်တယ်လို့ သိရပါတယ်။

play

 

သက်ဆိုင်ရာ အားကစားနည်းတွေရဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့ချုပ်တာဝန်ရှိသူတွေကိုယ်တိုင် အဆိုပါ အားကစားသမားတွေကို ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အိုလံပစ်ပြိုင်ပွဲဝင်မယ့် အားကစားသမားတွေ တားမြစ်ဆေးသုံးစွဲမှု ကိစ္စဟာ အငြင်းပွားဖွယ် ဆက်ဖြစ်နေတာကြောင့် ရုရှားသမ္မတပူတင်ကိုယ်တိုင် အမျိုးသားလုံခြုံရေးကောင်စီနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒီသတင်းမတိုင်ခင် ဘီဘီစီ သတင်းတစ်ရပ်မှာ ဖော်ပြချက်အရ ရုရှားအားကစားသမား ၃၇ ဦးကို ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ထားတယ်လို့လည်း ဆိုပါတယ်။

အစောပိုင်းမှာ သတင်းတွေ ထွက်ခဲ့သလို ရုရှား အားကစားအဖွဲ့ တစ်ဖွဲ့လုံးကို အိုလံပစ်ပြိုင်ပွဲကနေ ထုတ်ပယ်ပစ်တာမျိုးကိုတော့ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီက မလုပ်ခဲ့ပါဘူး။

Source : Time

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ