Other Sports: သမိုင်းတစ်လျှောက် အရှက်ရစရာ အကောင်းဆုံး အိုလံပစ်ပြိုင်ပွဲ ဖြစ်လာဖွယ်ရှိ

အိုလံပစ်ပြိုင်ပွဲအတွက် ဘရာဇီးမှာ အဖက်ဖက်က အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုပါတယ်။

play

 

သြဂုတ်လအတွင်း ကျင်းပတော့မယ့် ရီယိုအိုလံပစ်ပွဲတော်ဟာ သမိုင်းတစ်လျှောက် အရှက်ရစရာ အဖြစ်ဆုံး အားကစားပွဲတော် တစ်ခု ဖြစ်လာဖွယ်ရှိတယ်လို့ ဗြိတိန်မီဒီယာအချို့က ဝေဖန်ရေးသားနေကြပါတယ်။

play

 

အိုလံပစ်ပြိုင်ပွဲကျင်းပမယ့် နေရာတွေအနီး အပြီးမသတ်နိုင်သေးတဲ့ စီမံကိန်းများစွာ ရှိနေတဲ့အပြင် ရီယိုဒီဂျနေးယိုး မြို့အတွင်း ရာဇဝတ်မှုတွေလည်း ပိုများလာတာကြောင့် စိုးရိမ်ဖွယ်အခြေအနေကို ဆိုက်ရောက်နေပါတယ်။ ရွက်လှေပြိုင်ပွဲ ကျင်းပမယ့် ဂွါနာဘာရာကမ်းစပ်အနီးမှာလည်း မကြာသေးခင်က လူသေအလောင်းတစ်ခုကို တွေ့ရှိခဲ့ရပါသေးတယ်။ ဂွါနာဘာရာကမ်းစပ်အနီးမှာပဲ ပြိုင်ပွဲကျင်းပဖို့ မသင့်တော်လောက်အောင် အမှိုက်သရိုက်တွေ များပြားနေပြီး တာဝန်ရှိသူတွေက ရှင်းလို့ မနိုင်မနင်း ဖြစ်နေရပါတယ်။

play

 

ဘရာဇီးဟာ အိုလံပစ်ပြိုင်ပွဲကာလအတွင်း တာဝန်ထမ်းဆောင်ဖို့ ရဲအရာရှိ ၄၇၀၀၀၊ တပ်မတော်သား ၃၈၀၀၀ ကို ခန့်အပ်ထားပေမယ့် ရာဇဝတ်မှု ထူပြောမှာကို စိုးရိမ်နေရဆဲ ဖြစ်ပါတယ်။ ရီယိုမြို့က ရေတွေဟာ ပြိုင်ပွဲလုပ်ဖို့ စံချိန်မီ မသန့်ရှင်းဘူးလို့ ဆိုတာကြောင့် ရေကူးပြိုင်ပွဲဝင်မယ့် အားကစားသမားတွေနဲ့ ရွက်လှေသမားတွေ ပြိုင်ပွဲဝင်ချိန်မှာ ပါးစပ်ထဲ ရေမဝင်ဖို့ သတိပေးခံရထားရပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ