Other Sports: ချိုင်းထောက်နှင့် မာရသွန်ပြိုင်ပွဲဝင်သည့် သရုပ်ဆောင် မင်းသမီး

၁၃.၆ မိုင်ကို ရောက်ဖို့အတွက် သူမဟာ ၃ နာရီနဲ့ ၃၂ မိနစ် အချိန်ယူခဲ့ရပါတယ်။

play

 

သရုပ်ဆောင် မင်းသမီးတစ်ဦးလည်းဖြစ်တဲ့ မဂ္ဂီနိုလ်တင်းဟာ မာရသွန်ပြိုင်ပွဲကို ချိုင်းထောက်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။

ခြေထောက်မှာ ဒဏ်ရာရထားတဲ့ မင်းသမီးနိုလ်တင်းက စုစုပေါင်း ၁၃.၆ မိုင်ခရီးကို မာရသွန် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ၃ နာရီနဲ့ ၃၂ မိနစ် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ ခြေထောက်က ဒဏ်ရာကြောင် နာကျင်မှုဒဏ် ခံစားခဲ့ရပေမယ့် အသက် ၂၄ နှစ်အရွယ် နိုလ်တင်းက ခွန်အားနှစ်သုံးပြီး ပြိုင်ပွဲကို အဆုံးသတ်ဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

play

 

" ကျွန်မဘဝရဲ့ အခက်ခဲဆုံး အချိန်တွေထဲက တစ်ခုကို ကျော်ဖြတ်ခဲ့ပြီးပါပြီ။ အချိန်ကုန်တာနှေးနေပြီး ပင်ပန်းမှုနဲ့ နာကျင်မှုကိုလည်း တပြိုင်တည်း ခံစားခဲ့ရပါတယ်" လို့ နိုလ်တင်းက ပြောပါတယ်။ ချိုင်းထောက်နဲ့ မာရသွန် ပြိုင်ပွဲ ဝင်ခဲ့ပေမယ့် သူမက အခြားသူ ၄၃ ဦးထက် အရင်စောအောင် ပန်းဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Source : New York Time

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ