Other Sports: နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်ဖြစ်နေတဲ့ ရေကူးချန်ပီယံ

အိုလံပစ်မှာ ပြိုင်ပွဲမဝင်ခင်ကတည်းက နာမည်ကျော်နေသူ ဖြစ်ပါတယ်။

play

 

လက်ရှိ ကျင်းပနေပြီဖြစ်တဲ့ အိုလံပစ်ပြိုင်ပွဲမှာ တရုတ်နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းအကျော်အဖြစ် ရွှေတံဆိပ်ရဖို့ ရေပန်းစားနေသူက ရေကူးချန်ပီယံ နင်ဇီထောင်ဖြစ်ပါတယ်။

play

 

အိုလံပစ်ပြိုင်ပွဲအတွက် ဘရာဇီးရောက်ရှိနေပြီဖြစ်တဲ့ နင်ဇီထောင် လေ့ကျင့်ခန်းဆင်းနေတဲ့ပုံတွေကို တရုတ်အွန်လိုင်းမီဒီယာ Sina က ပြန်လည်ဖော်ပြခဲ့ပြီးနောက် လူမှုကွန်ယက်အတွင်း ပြန်လည်ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။

play

 

တရုတ်ရေကူးချန်ပီယံ နင်ဇီထောင် က အိုလံပစ်ပြိုင်ပွဲဝင် တရုတ်အတွက် နိုင်ငံအလံနဲ့ ဓာတ်ပုံရိုက်ပေးရတဲ့ ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

play

 

မကြာသေးခင်ကလည်း နာမည်ကျော်မဂ္ဂဇင်း ELLE Men အတွက် အင်္ကျီမပါတဲ့ ခပ်ဟော့ဟော့ပုံတွေကို နင်ဇီထောင် ရိုက်ကူးခဲ့ရပါသေးတယ်။

play
play

 

ယောက်ျားပီသတဲ့ မျက်နှာအပြင် အားကစားသပီသပုံကိုပြနေတဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်ကြောင့် နင် ဟာ ပြိုင်ပွဲမဝင်ခင် ဆုမရခင်ကတည်းက နာမည်ရနေသူ ဖြစ်ပါတယ်။ မနှစ်က မီတာ ၁၀၀ အလွတ်ကူး ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့သူ ဖြစ်ပါတယ်။

Source : Sina

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ