Other Sports: နိုဝင်ဘာတွင် ပက်ကွီယိုနှင့်ထိုးသတ်မည့် ပြိုင်ဘက် ထွက်ပေါ်လာ

အနားယူတော့မယ်လို့ ကြေငြာပြီးနောက် ပက်ကွီယိုက ဆုံးဖြတ်ချက် ပြန်ပြင်ခဲ့တာ ဖြစ်ပါတယ်။

play

 

လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်ဝင်မယ့် ဖိလစ်ပိုင်လက်ဝှေ့ကျော် ထိုးသတ်မယ့်ပွဲစဉ်မှာ ပြိုင်ဘက်က အမေရိကန်လက်ဝှေ့သမား ဂျက်ဆီဗားဂတ်စ်ဖြစ်မယ်လို့ သိရပါတယ်။

play

 

လက်ဝှေ့ကျော်ပက်ကွီယိုနဲ့ ဗားဂတ်စ်တို့ရဲ့ပွဲစဉ်ကို လာမယ့် နိုဝင်ဘာ ၅ ရက်နေ့မှာ ထိုးသတ်မှာဖြစ်ကြောင်း ပက်ကွီယိုရဲ့ ပွဲစီစဉ်သူ ဘော့အော်ရမ်က ပြောပါတယ်။ " လက်ဝှေ့ကြိုးဝိုင်းကို စွန့်ခွာဖို့ ပက်ကွီယိုက တကယ်တမ်းမှာ အဆင်သင့် မဖြစ်သေးပါဘူး။ လက်ဝှေ့အားကစားက သူ့ရဲ့သွေးတွေထဲမှာ စီးဆင်းနေတုန်းပါပဲ" လို့ အော်ရမ်က ပြောပါတယ်။

play

 

အမေရိကန်လက်ဝှေ့သမား ဗားဂတ်စ်က အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဝယ်လ်တာဝိတ်တန်း ချန်ပီယံ တစ်ယောက် ဖြစ်ပါတယ်။ ပက်ကွီယိုဟာ ဧပြီလတုန်းက လက်ဝှေ့ကြိုးဝိုင်းကို စွန့်ခွာပြီလို့ ကြေငြာခဲ့ပြီးနောက် ဖိလစ်ပိုင်ရွေးကောက်ပွဲမှာ အမတ်အဖြစ် အရွေးခံခဲ့ရပြီး အခု ပွဲထိုးသတ်ဖို့ ပြန်လည်စီစဉ်ခဲ့တာဖြစ်ပါတယ်။

Source : Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ