Other Sports: အိုလံပစ် ပြိုင်ပွဲကျင်းပမယ့် ရေကူးကန်များ နောက်ကျိနေသဖြင့် စောဒကတက်ခံရ

ရေကူးကန်တွေ သန့်ရှင်းလာအောင် ဆက်လက်ဆောင်ရွက်နေဆဲလို့ ဆိုပါတယ်။

play

 

ရီယိုအိုလံပစ်မှာ ရေကူးပြိုင်ပွဲ ကျင်းပမယ့် ရေကူးးကန်အချို့ဟာ ညစ်ပတ်နောက်ကျိနေတာမျိုး ရှိတဲ့အတွက် သြစတြေးလျ ရေကူးအားကစားအသင်းက စောဒကတက်ခဲ့ကြောင်း သိရပါတယ်။

ပြိုင်ပွဲမစခင်ကတည်းက ကြိုတင်သတင်းထွက်ခဲ့တဲ့အတိုင်း ရေကူးကန်တွေမှာ ရေတွေ အနည်းငယ်ညမ်ညမ်းမှု ရှိနေတဲ့အတွက် ပြိုင်ပွဲဝင် အားကစားသမားတွေအတွက် ကူးစက်ရောဂါတွေ ရမှာကို အသင်းတာဝန်ရှိသူတွေ စိုးရိမ်နေကြရတာဖြစ်ပါတယ်။ ရေတွေဟာ အနည်းငယ် အမြုပ်ထနေတဲ့အတွက် တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့တယ်လို့ သြစတြေးလျရေကူးအားကစားအဖွဲ့ လက်ထောက်နည်းပြ မိုက်ကယ်ဘို့လ်က ပြောပါတယ်။

အခုတော့ တာဝန်ရှိသူတွေ ဒီရေကူးကန်ပြဿနာတွေကို ဆက်လက်ဖြေရှင်းကိုင်တွယ်နေပြီလို့ ဆိုပါတယ်။ အိုလံပစ် အားကစားသမားတွေကို ထားရှိမယ့် အိုလံပစ်ကျေးရွာအတွင်းမှာလည်း ပတ်ဝန်ကျင်သန့်ရှင်းမှုနဲ့ ဝန်ဆောင်မှုတွေ အားနည်းလျှက်ရှိတယ်လို့ ဆိုကြပါတယ်။

Source : smh.com.au

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ