AD
AD
AD
play

 

ဘရာဇီးနိုင့် အိုလံပစ်ပွဲတော် ပြိုင်ပွဲဝင်ဖို့ ရောက်နေတဲ့ အမေရိကန် ဘက်စကတ်ဘောကစားသမား သုံးဦးကို ရီယိုဒီဂျနေးယိုးမြို့က အမျိုးသမီးတွေနဲ့ ပျော်ပါးတဲ့ဇိမ်းခန်းတစ်ခုအတွင်း ရောက်ရှိခဲ့ကြတာ တွေ့ခဲ့ကြောင်းသိရပါတယ်။

play

 

အမေရိကန် သတင်းဌာနက တစ်ခုရဲ့ အဆိုအရ ဘက်ကစတ်ကတ်ဘော အသင်းကစာသမားတွေဖြစ်တဲ့ အန်ဒရေဂျော်ဒန်၊ ဒီမားကပ်စ်နဲ့ ဒီရိုဇင်တို့ သုံးဦးဟာ အနှိပ်ခန်းအမည်ခံထားတဲ့ ဘရာဇီး ဇိမ်းခန်းတစ်ခုအတွင်း သွားရောက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ သုံးဦးအပြင် နာမည်မသိရေးသေးတဲ့ အခြားကစားသမား သုံးဦးလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

play

 

ဒါပေမယ့် ကစားသမားတွေကိုယ်တိုင် အဆိုပါနေရာကို တကယ့်အနှိပ်ခန်နးအဖြစ် ယူဆခဲ့လို့ သွားရောက်ခဲ့ကြတာဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး TMZ သတင်းဌာနက ဖော်ပြပါတယ်။ အဆိုပါနေရာဟာ တကယ့်အနှိပ်ခန်းမဟုတ်ကြောင်း သိပြီးနောက် ကစားသမားတွေ ပြန်ထွက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD