Other Sports: အိုလံပစ်စက်ဘီး ပြိုင်ပွဲမှာ စက်ဘီးပေါ်က ဂျွမ်းထိုးမှောက်ခုံ ပြုတ်ကျတဲ့ အမျိုးသမီး

လမ်းမပေါ်ကို ဦးခေါင်းနဲ့ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။

play

 

အိုလံပစ် အမျိုးသမီးစက်ဘီးပြိုင်ပွဲမှာ ဟော်လန် စက်ဘီးသမား ဗန်ဗလူတန်ဟာ လမ်းခရီးတစ်ဝက်အရောက်မှာ စက်ဘီးမှောက်ပြီးနောက် ဒဏ်ရာရရှိကာ ပြိုင်ပွဲက နုတ်ထွက်လိုက်ရကြောင်း သိရပါတယ်။

play

 

လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုမြင်ကွင်းအရ ဗန်ဗလူတန်ဟာ ပြိုင်ပွဲကို ရှေ့ဆုံးက ဦးဆောင်နေခဲ့ပေမယ့် လမ်းတစ်ဝက်မှာ အရှိန်မထိန်းနိုင်ဖြစ်ကာ စက်ဘီးမှောက်ပြီး ဂျွမ်းပြန်ကျသွားခဲ့တာဖြစ်ပါတယ်။ စက်ဘီးပေါ်က အောက်ကို ပြုတ်ကျတဲ့အခါ သူမရဲ့ဦးခေါင်းနဲ့ လမ်းမ ရိုက်မိခဲ့ပြီး ဘေးက ပလက်ဖောင်းနဲ့လည်း ထိခိုက်မသွားခဲ့ပါတယ်။

play

 

ဟော်လန်စက်ဘီးအားကစားအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ ဗလူတန်ဟာ ဒဏ်ရာ ကြီးကြီးမားမား မရခဲ့ပေမယ့် ခေါင်းဒဏ်ရာနဲ့ နံရိုးဒဏ်ရာ အချို့တော့ ရရှိခဲ့ကြောင်း သိရပါတယ်။ " ကျွန်မလည်း ဒီဖြစ်ရပ်ကိုမြင်လိုက်တော့ အတော် တုန်လှုပ်မိတယ်။ ဒါပေမယ့် ကျွန်မက ထိပ်ဆုံးရောက်နေပြီဆိုတော့ ကျွန်မတို့အတွက် ရွှေတံဆိပ်ရဖို့ လုပ်ရမယ်လေ။ ရမယ်ဆိုတာလည်း သိနေခဲ့ပါတယ်" လို့ နောက်ထပ် ဟော်လန်အသင်းဖော်လည်းဖြစ်၊ ရွှေတံဆိပ်ရှင်လည်းဖြစ်သွားတဲ့ ဗန်ဒါဘရက်ဂန်က ပြောပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ