Other Sports: ရေကူးကစားသမားဘဝ ၁၉ ခုမြောက် ရွှေတံဆိပ်ကို မိုက်ကယ်ဖဲလ် ရရှိ

အိုလံပစ် ဒုတိယမြောက်နေ့မှာ အမေရိကန်က ရွှေတံဆိပ် နှစ်ခုရရှိခဲ့တာပါ။

play

 

ရီယိုအိုလံပစ်ပြိုင်ပွဲ ဒုတိယနေ့မှာ အမေရိကန် ရေကူးသမားမိုက်ကယ်ဖဲလ်က သူ့ရဲ့ ကစားသမားဘဝ ၁၉ ခုမြောက် ရွှေတံဆိပ်ကို ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။ ဒုတိယနေ့ပြိုင်ပွဲတွေမှာ အမေရိကန် ရေကူးအားကစားအသင်းအတွက် ရွှေတံဆိပ် နှစ်ခု ထပ်မံရရှိခဲ့ပါတယ်။

play

 

၎ × ၁၀၀ မီတာလက်ဆင့်ကမ်းရေကူးပြိုင်ပွဲမှာ မိုက်ကယ်ဖဲလ်က ရွှေတံဆိပ်ရှိခဲ့တာဖြစ်ပြီး စုစုပေါင်း မိုက်ကယ်ဖဲလ်ရဲ့ အိုလံပစ်ဆုတံဆိပ်က ၂၃ ခုဖြစ်လာခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် မိုက်ကယ်ဖဲလ်ဟာ ရွှေတံဆိပ်ရရှိပြီးတဲ့နောက်ပွဲကြည့်စင်ပေါ်မှာ အားပေးနေတဲ့ ချစ်သူနဲ့အတူ အောင်ပွဲခံခဲ့ပါသေးတယ်။ ၂၀၁၂ အိုလံပစ်ပြိုင်ပွဲမှာ ပြင်သစ်အသင်းကို ကပ်ပြီးရှုံးနိမ့်ခဲ့ရတဲ့ ရလဒ်အပေါ် မိုက်ကယ်ဖဲလ်က ပြန်လည်လက်စားချေနိုင်ခဲ့တာပါ။

play

 

ရွှေတံဆိပ်ရှင်ဖြစ်ခဲ့တဲ့ မိုက်ကယ်ဖဲလ်ရဲ့ လက်မောင်းပေါ်မှာ ပေါ်နေခဲ့တဲ့ အနီကွက်တွေအကြောင်းလည်း လူမှုကွန်ရက်မှာ လူပြောများခဲ့ကြပါတယ်။ ရေကူးအားကစားသမားတွေကြားထဲမှာ ခွက်စုပ်ကုသခြင်းလို့ ခေါ်တဲ့ ကုသနည်းတစ်မျိုး ရေပန်းစားနေပြီး အဲဒီလို ကုသတာက ရေကူး အားကစားသမားတွေအတွက် ကြွက်သားပြဿနာတွေ ကင်းဝေးစေပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ