Other Sports: ကိုဆိုဗို နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆုရှင် ထွက်ပေါ်လာ

အိုလံပစ်ရွှေတံဆိပ်ဆုကို ပထမဆုံးရခဲ့တဲ့ ကိုဆိုဗို နိုင်ငံသား ဖြစ်လာပါတယ်။

play

 

ကိုဆိုဗိုနိုင်ငံအတွက် အိုလံပစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံး ရွှေတံဆိပ်ကို ကိုဆိုဗိုဂျူဒို အားကစားမယ် ခယ်လ်မန်ဒီက ရယူပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

ဂျူဒိုအားကစားသမား ခယ်လ်မန်ဒီက ရီယိုအိုလံပစ် ဒုတိယမြောက်နေ့မှာ အီတလီဂျူဒိုသမား အိုဒက်တီကို ၅၂ ကီလိုပြိုင်ပွဲမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ကိုဆိုဗိုနိုင်ငံသမိုင်းတစ်လျှောက်မှာ ပထမဆုံး အိုလံပစ်ရွှေတံဆိပ်ဆုရှင် ဖြစ်လာတဲ့ ခယ်လ်မန်ဒီဟာ ရွှေတံဆိပ်လက်ခံရတဲ့ အချိန်မှာ မျက်ရည်တွေ ကျဆင်းခဲ့ပါသေးတယ်။ ပရိသတ်တွေကလည်း ခယ်လ်မန်ဒီကို အားပေးခဲ့ကြပြီး ကိုဆိုဗို၊ ကိုဆိုဗိုလို့ အော်ဟစ်ခဲ့ကြပါတယ်။

"ကိုဆိုဗိုနိုင်ငံဟာ စစ်ပွဲတွေကို ဖြတ်ကျော်ခဲ့ရပြီး ဘာမှပြန်မလုပ်ပြနိုင်တဲ့ နိုင်ငံလေးတစ်ခုမဟုတ်ဘူးဆိုတာ ကျွန်မအမြဲတမ်းပဲ ကမ္ဘာကြီးကို သက်သေပြချင်ခဲ့တာပါ" လို့ ခယ်လ်မန်ဒီက ပြောပါတယ်။ ဆင်းရဲတဲ့ နိုင်ငံကပဲ ဖြစ်ဖြစ်၊ သေးငယ်တဲ့နိုင်ငံကပဲဖြစ်ဖြစ် ဘယ်သူမဆို ရွှေတံဆိပ်ကို ရနိုင်စွမ်းရှိတယ်လို့လည်း ကိုဆိုဗိုရဲ့ရွှေတံဆိပ်ဆုရှင်က ပြောခဲ့ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ