Other Sports: ရီယိုအိုလံပစ် အမျိုးသမီး မြားပစ်ပြိုင်ပွဲတွင် စန်းယုထွေး ၁၆ ဦးအဆင့် တက်ရောက်

, updated

အမေရိကန်ပြိုင်ဘက်ကို အနိုင်ယူပြီး ၁၆ ဦးအဆင့်ကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

play

 

ရီယိုအိုလံပစ် တစ်ဦးချင်းအမျိုးသမီး မြားပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာအမျိုးသမီး မြားပစ်အားကစားမယ် စန်းယုလွင်ဟာ အမေရိကန်ပြိုင်ဘက်ကို အနိုင်ယူပြီး ၁၆ ဦးအဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

၁၆ ဦးပြိုင်ပွဲအဆင့်မှာ မြန်မာအားကစားသမား စန်းယုလွင်က တောင်ကိုရီးယား မြားပစ်မယ် ကီဘိုဘေးနဲ့ ရင်ဆိုင်တွေ့ဆုံရမှာ ဖြစ်ပါတယ်။ ဒီအဆင့်ကို ရောက်မလာခင်မှာ စန်းယုထွေးက ဖင်လန်မြားပစ်မယ် ကူးးပါးကို ၃-၇ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အမေရိကန် မြားပစ်မယ် မက္ကန်ဇီဘရောင်းကိုလည်း ၃၂ ဦးအဆင့် ပြိုင်ပွဲမှာ ၃-၇ နဲ့ ဆက်လက်အနိုင်ရခဲ့တာပါ။

play


အဲဒီနောက် တစ်ဖက်က ယူကရိန်းမြားပစ်မယ် မာချန်ကို ကိုအနိုင်ယူပြီးဒီအဆင့်ကို တက်ရောက်လာတဲ့ ကီဘိုဘေးနဲ့ ရင်ဆိုင်တွေ့ဆုံရမှာ ဖြစ်ပါတယ်။ ၁၆ ဦးအဆင့်ကို တက်ရောက်လာခဲ့တဲ့ စန်းယုထွေးက ပြိုင်ပွဲမစမီ အဆင့်သတ်မှတ်တဲ့ Ranking Round ပြိုင်ပွဲမှာ ၆၀၈ မှတ်သာ ရရှိခဲ့တာကြောင့် ပြိုင်ပွဲကစားသမား ၆၄ ဦးထဲမှာ အဆင့် ၅၁ ရရှိခဲ့ပါတယ်။

အခု မြားမာမြားပစ်မယ် စန်းယုထွေးနဲ့ တွေ့ဆုံမယ့် တောင်ကိုရီးယားမြားပစ်မယ်ကိုဘိုဘေးကတော့ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲမှာ အဆင့်-၃ ရရှိခဲ့သူ ဖြစ်ပါတယ်။

Source : Rio2016/ Wiki
Photos : Getty/ World Archery

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ