Other Sports: မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား ဂျွမ်းဘားမယ်တို့ အတူရိုက်တဲ့ ဆယ်လ်ဖီဓာတ်ပုံ ရေပန်စား

နှစ်နိုင်ငံအကြား တင်းမာမှုဟာ အမြင့်ဆုံးကို ရောက်နေပေမယ့် ကိုရီးယားလူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို အားကစားပွဲကတဆင့် ပြသလိုက်တာ ဖြစ်ပါတယ်။

play


ရန်သူတွေကိုတောင်မှ ချစ်ကြည်ရင်းနှီးမှု အမြန်ဆုံးပြန်ရစေနိုင်တဲ့ နည်းလမ်းဟာ အားကစားဖြစ်တယ်ဆိုတာကို ရီယိုအိုလံပစ်ပြိုင်ပွဲက သက်သေပြလိုက်ပါတယ်။

play


ဘရာဇီးမှာ ကျင်းပနေတဲ့ အိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီးယား ကျွမ်းဘားမယ် ဟောင်အန်ဂျွန်နဲ့ တောင်ကိုရီးယား ဂျွမ်းဘားမယ် လီအွန်ဂျူးတို့ဟာ ပြိုင်ပွဲမဝင်မီ အတူတကွ ဆယ်လ်ဖီတွဲရိုက်နေတဲ့ ဓာတ်ပုံတွေ လူမှုကွန်ယက်မှာ ပျံ့နှံ့လာတာ ဖြစ်ပါတယ်။

နှစ်ဖက်နိုင်ငံအကြား အာဏာပိုင်တွေအချင်းချင်း တင်းမာမှုဟာ အခုရက်ပိုင်းအတွက် ပိုပြီးအရှိန်မြင့်တက်နေပေမယ့် အိုလံပစ်မှာ မြောက်နဲ့တောင် ကိုးရီးယားနှစ်နိုင်ငံ ကစားသမားအချင်းချင်း နွေးနွေးထွေးထွေး ရှိနေခဲ့တဲ့ပုံကြောင့် လူမှုကွန်ယက် သုံးစွဲသူအများအပြားက ချီးကျူးပြောဆိုနေကြတာပါ။

play


"ဘာကြောင့် ကျွန်တော်တို့ အိုလံပစ်ကို ကျင်းပသင့်လဲဆိုတာ ဒါက အဖြေပေးလိုက်တာပါပဲ" လို့ နိုင်ငံရေးသိပ္ပံပညာရှင် အီယန်ဘရန်မာက တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး