Other Sports: တစ်ရက်တည်း ရွှေတံဆိပ် နှစ်ခုယူနိုင်ခဲ့တဲ့ မိုက်ကယ်ဖဲလ်

အိုလံပစ်သမိုင်းတစ်လျှောက် ရွှေတံဆိပ်အများဆုံး ရထားတာလည်း မိုက်ကယ်ဖဲလ်ဖြစ်ပါတယ်။

play

 

ရီယိုအိုလံပစ်ပြိုင်ပွဲ စတုတ္ထနေ့မှာ အမေရိကန်ရေကူးအားကစားသမား မိုက်ကယ်ဖဲလ်က တစ်ရက်တည်း ရွှေတံဆိပ်နှစ်ခုရယူနိုင်လိုက်ကြောင်း သိရပါတယ်။ ဒီရွှေတံဆိပ်နှစ်ခု ရရှိခဲ့တာကြောင့် မိုက်ကယ်ဖဲလ်ဟာ စုစုပေါင်း ရွှေတံဆိပ် ၂၁ ခုပိုင်ရှင် ဖြစ်လာခဲ့ပါတယ်။

play

 

သြဂုတ်လ ၉ ရက်နေ့က ယှဉ်ပြိုင်ခဲ့ကြတဲ့ ပြိုင်ပွဲတွေမှာ မိုက်ကယ်ဖဲလ်က ၂၀၀ မီတာ လိပ်ပြာကူးပြိုင်ပွဲမှာလည်း လက်ရှိချန်ပီယံ ရှက်လီကလို့စ်ကို အနိုင်ရခဲ့သလို ၄×၂၀၀ မီတာ လက်ဆင့်ကမ်းပြိုင်ပွဲမှာလည်း အသင်းကိုရွှေတံဆိပ် ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ်အိုလံပစ်ပြိုင်ပွဲ ပြီးဆုံးတဲ့အခါ ကစားသမားဘဝက အနားယူတော့မယ်လို့ ကြေညာထားတဲ့ မိုက်ကယ်ဖဲလ်ဟာ ရီယိုအိုလံပစ်မှာ ရွှေတံဆိပ်သုံးခုအထိ ရရှိထားပြီးပြီဖြစ်ပါတယ။်

play

 

လက်ဆင့်ကမ်းပြိုင်ပွဲမှာတော့ အမေရိကန်အသင်းက ရွှေတံဆိပ်ရခဲ့ပြီး၊ ဗြိတိန်နဲ့ ဂျပန်တို့က ငွေနဲ့ ကြေးတံဆိပ် အသီးသီး ရခဲ့ပါတယ်။ မိုက်ကယ်ဖဲလ်တစ်ဦးထဲကတင် အိုလံပစ်ရွှေတံဆိပ် ၂၁ ခု စံချိန်တင် ရရှိခဲ့ပြီးနောက် အိုလံပစ်ပြိုင်ပွဲမှာ တစ်နိုင်ငံလုံးပေါင်းလို့ မိုက်ကယ်ဖဲလ်လောက် ရွှေတံဆိပ်မများတဲ့ နိုင်ငံက ၁၇၄ နိုင်ငံ ရှိတယ်လို့ ဆိုပါတယ်။

play

 

အိုလံပစ်မှာ မိုက်ကယ်ဖဲလ်ထက် ရွှေတံဆိပ် များများပိုရတဲ့ နိုင်ငံဟာ ၃၂ နိုင်ငံပဲ ရှိပါတယ်။

Source : USA Today

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ