Other Sports: အလေးမ ပြိုင်ပွဲ ယှဉ်ပြိုင်စဉ် လက်ကျိုးသွားတဲ့ အလေးမ ကစားသမား

ရွှေတံဆိပ်ရဖို့ ရေပန်းစားနေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

play

 

ဒဏ်ရာရ အားကစားသမားတွေများနေလို့ ဝေဖန်ခံနေရတဲ့ ဘရာဇီးက ရီယိုအိုလံပစ်အတွက် နောက်ထပ်ဝေဖန်စရာ တစ်ခု တိုးလာခဲ့ပြန်ပါပြီ။ အာမေးနီးယား အလေးမ ကစားသမား ကစားသမား အန်ဒရေနစ်ခ်ကာရာပတ်ရန်ဟာ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်စဉ် တံတောင်ဆစ်ကျိုးတဲ့ ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပါတယ်။

play

 

၇၇ ကီလိုတန်းမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အန်ဒရေနစ်ခ်ဟာ ရွှေတံဆိပ်ရဖို့ ရေပန်းအစားဆုံး အားကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲဝင်စဉ်မှာ အလေးမလိုက်တဲ့အချိန် အလေးချိန်ကို ရုတ်တရက် မခံနိုင်ဖြစ်သွားတာကြောင့် အန်ဒရေနစ်ခ်ရဲ့ ဘယ်ဘက်တံတောင်ဆစ် ကျိုးသွားခဲ့တာဖြစ်ပါတယ်။

play

 

အန်ဒရေနစ်က ချက်ခြင်းပဲ အလေးကို ပစ်ချလိုက်ရပြီး ဆေးအဖွဲ့ဝင်တွေ ကုသဖို့ ခေါ်ထုတ်သွားခဲ့ရပါတယ်။

play

 

အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ အန်ဒရေနစ်ခ် မရှိတော့တဲ့နောက် ၇၇ ကီလိုတန်း ပြိုင်ပွဲမှာ ကာဇက်စတန်က ရာဟီမော့ဗ်က ရွှေတံဆိပ် ရခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ