Other Sports: ကစားသမားကိုယ်စား ဆီးနမူနာ ပေးခဲ့သည့် နည်းပြကို အိမ်ပြန်ပို့

ဆေးစစ်ဖို့အတွက် ဆီးနမူနာ ပေးဖို့ ကစားသမားကိုယ်စား နည်းပြက သွားရောက်ခဲ့တာဖြစ်ပါတယ်။

play

 

အိုလံပစ်ပြိုင်ပွဲမဝင်ခင် ဆေးစစ်ဖို့အတွက် ဆီးနမူနာ ယူရာမှာ အားကစားသမား ဟန်ဆောင်ပြီး ဆီးနမူနာ လိမ်ညာ ပေးခဲ့တဲ့ ကင်ညာ ပြေးခုန်ပစ်နည်းပြတစ်ဦးကို အိမ်ပြန်ပို့လိုက်ပါတယ်။

ကင်ညာပြေးခုန်ပစ်အဖွဲ့က နည်းပြ ဂျွန်အန်ဇရာဟာ ပြေးခုန်ပစ် အားကစားသမား  ဖာဂူဆန်ရိုတစ်ခ်ျ ကိုယ်စားဆီးနမူနာ ကိုယ်စားပေးဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဆီးစစ်ခံဖို့အတွက် စာရွက်စာတမ်းတွေပေါ်မှာ လက်မှတ်တောင်ထိုးခဲ့သေးတယ်လို့ သိရပါတယ်။ " အားကစားအတွက် ဒီလို အကျင့်ဆိုးတွေ လုပ်တာကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး" လို့ ကင်ညာနည်းပြရဲ့ လုပ်ရပ်နဲ့ ပတ်တသက်ပြီး ကင်ညာအိုလံပစ်ကော်မတီရဲ့ ဥက္ကဋ္ဌက ဝေဖန်ပြောကြားပါတယ်။

play

 

အားကစားသမားရဲ့ အေးဂျင့်ဖြစ်သူအဆိုအရ အိုလံပစ်ကျေးရွာအတွင်း ဖြတ်သန်းသွားလာခွင့်ကို ပြေးခုန်ပစ် ကစားသမား ရိုတစ်ခ်ျက နည်းပြထံကို ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒီကတ်ရှိမယ်ဆိုရင် မနက်စာ အခမဲ့ စားသောက်နိုင်တာကြောင့် နည်းပြကို ဖြတ်သန်းခွင့်ကတ် ပေးထားတာလို့ သိရပါတယ်။ နည်းပြကဘာကြောင့် ဒီလိုလုပ်ခဲ့လည်း ဆိုတာ ကစားသမားကိုယ်တိုင်လည်း မသိဘူးလို့ ဆိုပါတယ်။ ရိုတစ်ခ်ျက ၈၀၀ မီတာပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ