Other Sports: ရေကူးချန်ပီယံများကို ဝတ်လစ်စလစ် ပုံစံဖြစ်အောင် ရိုက်ကူးတင်ဆက်ခဲ့သည့် ရုပ်သံရေပန်းစား

play

 

ရုပ်သံလွှင့်ဌာန CNBC ရဲ့ လက်တစ်လုံးခြား တင်ဆက်ပုံကြောင့် လက်ရှိကျင်းပနေတဲ့ ရီယိုအိုလံပစ်ပြိုင်ပွဲက ရေကူးပြိုင်ပွဲကို ပရိသတ်တွေ ပိုပြီးစိတ်ဝင်စားခဲ့ကြပါတယ်။

play

 

အိုလံပစ် ရေကူးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ အားကစားသမားတွေကို ရုပ်သံကထုတ်လွှင့်တဲ့အခါ တစ်ကိုယ်လုံး ဘာအဝတ်အစားမှ မပါသလို ဖြစ်အောင် တင်ဆက်ထားတာဖြစ်ပါတယ်။ ရေကူးသမားတွေ ဖြစ်တဲ့အတွက် ပြိုင်ပွဲဝင်တဲ့အခါ အောက်ပိုင်းအတွင်းခံ တစ်ခုသာ ဝတ်ဆင်ရပါတယ်။ ခန္ဓာကိုယ်ပေးမှာ အခြားအဝတ်အစားဆိုလို့ ခေါင်းပေါ်က ခေါင်းစွပ်နဲ့ မျက်မှန်၊ နားဆို့ စတာတွေသာ ရှိပါတယ်။

play

 

ဒါပေမယ့် ရေကူးအားကစားသမားတွေပုံကို ရုပ်သံက ထုတ်လွှင့်တဲ့အခါ အတွင်းခံ ဝတ်ထားတဲ့ နေရာအပေါ်မှာ စာသားတွေ ရေးထိုး တင်ဆက်ခဲ့တာဖြစ်ပါတယ်။ ခန္ဓာကိုယ်ပေါ်က တစ်ခုတည်းသော အဝတ်အစားရှိတဲ့နေရာကို စာတန်းက ဖုံးအုပ်နေတဲ့အ့တွက် ရုတ်တရက်ကြည့်လိုက်ရင် အားလုံးက ဘာအဝတ်အစားမှ မပါဝင်သလို ဖြစ်ခဲ့တာပါ။

ဒါပေမယ့် CNBC ရုပ်သံလိုင်းရဲ့ ထူးထူးခြားခြားတင်ဆက်ပုံကြောင့် လူမှုကွန်ယက်မှာ ရေပန်းစားခဲ့ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ