Other Sports: မီတာ ၁၀၀ ပြိုင်ပွဲမှာ ရွှေတံဆိပ် သုံးခုရတဲ့ ပထမဆုံး ကစားသမား အူစိန်ဘို့လ်

ကမ္ဘာ့အမြန်ဆုံးလူသားဆိုတဲ့ စံချိန်ကို အူလ်စိန်ဘို့လ်က ဆက်ထိန်းထားဆဲ ဖြစ်ပါတယ်။

play

 

ရီယိုအိုလံပစ် မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ဂျာမေကာအပြေးသမား အူစိန်ဘို့လ်က ပြိုင်ဘက် အမေရိကန် အပြေးသမား ဂါတလင်ကို အနိုင်ယူပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။

play

 

ဒီရွှေတံဆိပ်ရခဲ့ပြီးနောက် အိုလံပစ် မီတာ ၁၀၀ ပြိုင်ပွဲမှာ ရွှေတံဆိပ် သုံးခုရတဲ့ ကမ္ဘာ့ပထမဆုံး အပြေးသမား ဖြစ်လာခဲ့ပါတယ်။ ၂၀၀၈ ပေကျင်းအိုလံပစ်၊ ၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲတွေမှာလည်း မီတာ ၁၀၀ ပြိုင်ပွဲမှာ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့တဲ့ အူလ်စိန်ဘို့လ်က သူဟာကမ္ဘာ့အမြန်ဆုံး အပြေးသမားတစ်ဦးဖြစ်နေသေးကြောင်း ဒီပြိုင်ပွဲမှာ ရွှေတံဆိပ်ယူပြီး သက်သေပြလိုက်တာ ဖြစ်ပါတယ်။

play

 

ဒီနှစ် မီတာ ၁၀၀ ပြိုင်ပွဲကို အူစိန်ဘို့လ်က ၉.၈၁ စက္ကန့်နဲ့ ပန်းဝင်ခဲ့တာဖြစ်ပြီး ပြိုင်ဘက် အမေရိကန်အပြေးသမား ဂါတလင်က တော့ ၀.၀၈ စက္ကန့်နောက်ကျသွားခဲ့တာဖြစ်ပါတယ်။ " ဒီထက်ပိုမြန်မြန်ပြေးနိုင်ဖို့ ကျွန်တော်မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့ အနိုင်ရလို့ ကျွန်တော်ပျော်ပါတယ်" လို့ အူစိန်ဘို့လ်က ပြောပါတယ်။

Source : Mashable

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ