Other Sports: အသက် ၇၄ နှစ်အရွယ် နည်းပြအဘွားအိုကြောင့် ရွှေတံဆိပ် ရခဲ့သူ

အဘွားအိုအန်းစ်က ဗန်နီကာ့ခ်ကို နည်းပြလုပ်ပေးနေတာ လေးနှစ်ရှိပြီ ဖြစ်ပါတယ်။

play

 

သြဂုတ်လ ၁၄ ရက်နေ့က အိုလံပစ်ပြိုင်ပွဲမှာ တောင်အာဖရိက နိုင်ငံသား တာတိုအပြေးသမား ဝေဒီဗန်နီကာ့ခ်ရဲ့ အဖြစ်ဟာ လူပြောများတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

play

 

အကြောင်းကတော့ ဗန်နီကာ့ခ်ကို ရွှေတံဆိပ်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဟာ သူ့ရဲ့အသက် ၇၄ နှစ်အရွယ် အဘွားအိုတစ်ဦး ဖြစ်နေခဲ့လို့ပါ။ ရွှေတံဆိပ်ရခဲ့ရုံတင်မဟုတ်ဘဲ မီတာ ၄၀၀ ပြိုင်ပွဲမှာ မိုက်ကယ်ဂျွန်ဆင် ၁၇ နှစ်ကြာ တင်ထားခဲ့တဲ့ ကမ္ဘာ့စံချန်ကိုပါ  ကျော်ဖြတ်နိုင်ခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့လို့ ဖြစ်ပါတယ်။

play

 

" အဘွားက တကယ့်ကို အံ့သြစရာကောင်းတဲ့ အမျိုးသမီးတစ်ဦး။ ကျွန်တော်ဒီနေ့ ဒီအချိန် ဒီလိုဖြစ်လာတဲ့နေရာမှာ အဘွားရဲ့ အရေးပါမှုက တကယ့်ကို အရာရောက်ခဲ့ပါတယ်"  ပြိုင်ပွဲအပြီးမှာ ဗန်နီကာ့ခ်က ပြောပါတယ်။ အဘွား အန်းစ်ဘော့သာဟာ ၂၀၁၂ ခုနှစ်ကတည်းကစလို့ ဗန်နီကာ့ခ်ကို နည်းပြခဲ့တာဖြစ်ပြီး သူမကိုယ်တိုင်လည်း အားကစားသမားဟောင်း တစ်ဦး ဖြစ်ခဲ့သူ ဖြစ်ပါတယ်။

play

 

 

Source : Fox Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ