Other Sports: ပြိုင်ဘက်အစ္စရေး ကစားသမားကို လက်ဆွဲနှုတ်မဆက်သည့် အီဂျစ်ဂျူဒိုသမား ဝေဖန်ခံရ

သူ့လုပ်ရပ်ဟာ အစ္စလာမ်ဘာသာဝင်တွေအတွက်ပါ အရှက်ရစေတယ်လို့ ပရိသတ်အချို့က ဝေဖန်ကြပါတယ်။

play

 

ရီယိုအိုလံပစ် ဂျူဒိုပြိုင်ပွဲမှာ ပြိုင်ဘက်အစ္စရေး ကစားသမားကို လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့တဲ့ အီဂျစ်ဂျူဒိုသမား အယ်လ်ရှီဟာဘီဟာ သူ့ရဲ့လုပ်ရပ်ကြောင့် ပရိသတ်ရဲ့ဝေဖန်မှုကို အပြင်းအထန် ခံနေရပါတယ်။

play

 

ဂျူဒိုပြိုင်ပွဲပထမအဆင့်မှာတင် အီဂျစ်ဂျူဒိုသမား အယ်လ်ရှီဟာဘီက ပြိုင်ဘက်အစ္စရေး ကစားသမား အော်ဆက်ဆန်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပွဲပြီးဆုံးပြီးနောက် ပြိုင်ပွဲထုံးစံအရ အစ္စရေးကစားသမား အောဆက်ဆန်က လက်ဆွဲနှုတ်ဆက်ဖို့ သူ့ရဲ့ လက်ကို ဆန့်ထုတ်လိုက်ပေမဲ့ အီဂျစ်ကစားသမား အယ်လ်ရှီဟာဘီက ခေါင်းခါပြပြီး လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

play

 

ဂျူဒိုအားကစားစည်းမျဉ်းအရ ပြိုင်ဘက်ကစားသမားအချင်းချင်း လေးစားမှုကို ပြတဲ့အနေနဲ့ ပြိုင်ပွဲမစခင်နဲ့ ပြိုင်ပွဲအပြီးမှာ ခေါင်းချင်းညွတ်ပြီး လက်ဆွဲနှုတ်ဆက်ရလေ့ရှိပါတယ်။ ဒါကို မလိုက်နာတဲ့ အယ်လ်ရှီဟာဘီကို ဒိုင်လူကြီးက ပြန်ဝင်လာခိုင်းပြီး နုတ်ဆက်ဖို့ ဖိအားပေးခဲ့ရတာ ဖြစ်ပါတယ်။

အယ်လ်ရှီဟာဘီရဲ့ လုပ်ရပ်အတွက် အီဂျစ်ပရိသတ်တွေကိုယ်တိုင် ဒေါသထွက်ခဲ့ပြီးကြပြီးလူမှုကွန်ရက်မှာ ပေါက်ကွဲခဲ့ကြပါတယ်။ ဒီလုပ်ရပ်ကြောင့် အီဂျစ်နိုင်ငံသားတွေ အရှက်ရကြပြီး ဝမ်းနည်းကြတော့မယ်လို့ ပြောသူတွေလည်းရှိသလို အစ္စလာမ်ဘာသာဝင်တွေကို အရှက်ရစေတဲ့ လုပ်ရပ်လည်း ဖြစ်တယ်လို့ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုပါတယ်။
Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ