Other Sports: အပြေးချန်ပီယံ အူစိန်ဘို့လ်ရဲ့ ဓာတ်ပုံတွေ အင်တာနက်မှာ အရယ်ရဆုံး ဖြစ်နေ

ပန်းတိုင်ကို အာရုံမစိုက်ဘဲ ရှေ့ဆုံးကဦးဆောင်နေခဲ့တဲ့ အူစိန်ဘို့လ်ရဲ့ ဓာတ်ပုံဟာ ပြုံးချင်စရာ ဖြစ်နေပါတယ်။

 

ရီယိုအိုလံပစ် မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ဂျမေကာ အပြေးသမား အူစိန်ဘို့လ်က ရွှေတံဆိပ် ရခဲ့ပြီးနောက် အကောင်းဆုံး ဓာတ်ပုံတစ်ပုံကို ဓာတ်ပုံဆရာတစ်ဦးက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

 

အိုလံပစ်ရွှေတံဆိပ်ကို သုံးခုမြောက် စံချိန်တင် ရခဲ့တဲ့ အူစိန်ဘို့လ်ရဲ့ ဓာတ်ပုံဟာ အသက်ဝင်လွန်းတဲ့အတွက် အင်တာနက် လူမှုကွန်ရက်မှာလည်း နောက်ပြောင်ချင်စရာ ဓာတ်ပုံတစ်ပုံဖြစ်လာပါတယ်။ ကျန်တဲ့အပြေးသမားတွေရဲ့ ရှေ့ဆုံးက ဦးဆောင်နေတဲ့ အူစိန်ဘို့လ်ဟာ ဘေးကို ပြန်လှည့်ကြည့်နေတဲ့ပုံက အသက်ပါတဲ့အတွက် စာသားထိုးပြီး ဒီဓာတ်ပုံကို နောက်ပြောင်ခဲ့ကြတဲ့ အထဲက အချို့ကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ