Other Sports: အခန်းဖော်က အခြားအမျိုးသားနှင့်အတူအိပ်ရန် အခန်းထဲက မောင်းထုတ်သဖြင့် ဘရာဇီးဒိုင်ဗင်မယ် ပြိုင်ပွဲမှ နုတ်ထွက်

အခြားအမျိုးသားနဲ့ အတူအိပ်ချင်တဲ့ အခန်းဖော်ရဲ့တောင်းဆိုမှုကြောင့် သူမဟာအခန်းထဲက ရှောင်ပေးခဲ့ရတာ ဖြစ်ပါတယ်။

play

 

သာမန်မဟုတ်တဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေ မကြာခဏ ကြုံတွေ့နေရတဲ့ ဘရာဇီးရီယိုအိုလံပစ်ပြိုင်ပွဲမှာ နောက်ထပ် စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ခု သတင်းထွက်လာခဲ့ပြန်ပါတယ်။

play

 

ဘရာဇီး စုံတွဲဒိုင်ဗင် ကစားနည်းမှာ ဝင်ရောက်ယှဉ်ပြိုင်နေကြတဲ့  အမျိုးသမီးဒိုင်ဗင်သမားနှစ်ထဲက တစ်ဦးဟာ ပြိုင်ပွဲကို ဆက်လက်မယှဉ်ပြိုင်တော့ဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။ အကြောင်းကတော့ သူမဟာ အခန်းဖော် ဒိုင်ဗင်သမားရဲ့ အခန်းထဲက နှင်ထုတ်ခြင်းကို ခံခဲ့ရလို့ဖြစ်ကြောင်း သိရပါတယ်။

play
အခြားအမျိုးသားနှင့် အတူအိပ်ရန် ပြိုင်ပွဲဝင်ဖော်ကို အခန်းထဲမှ ရှောင်ပေးရန်တောင်းဆိုခဲ့သည့် အိုလီဗီရာ

 

အိုလီဗီရာနဲ့ ပက်ဒရိုဆိုတို့ဟာ ဘရာဇီးအတွဲဒိုင်ဗင် သမားတွေဖြစ်ပြီး အားကစားသမားတွေတည်းခိုရာ အိုလံပစ်ကျေးရွာထဲမှာ တစ်ခန်းတည်း အတူနေကြတာပါ။ ဒါပေမဲ့ အိုလီဗီရာဟာ အခြားကနူးလှေပြိုင်ပွဲဝင် အမျိုးသားအားကစားသမား ဂွန်ကာဗက်စ်နဲ့ အတူအိပ်ချင်တာကြောင့် ပက်ဒရိုဆိုကို အခန်းထဲကနေ ရှောင်ပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

play
ကနူးလှေ အားကစားသမား

 

"ကျွန်မက ဒီပြိုင်ပွဲဝင်ဖို့အတွက် လေးနှစ်လောက် လေ့ကျင့်ပြီး ပြင်ဆင်ခဲ့တာပါ။ ဒါပေမဲ့ သူမကတော့ အပျော်သက်သက်ရှာဖို့ ရောက်လာတာ ဖြစ်နေတယ်" လို့ ပက်ဒရိုဆိုက ပြောပါတယ်။

Source : IBtimes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ