Other Sports: ဒိုင်ဗင်ထိုးပြီး ပန်းဝင်ခဲ့သည့် ဘာဟားမားစ် အပြေးမယ် ရွှေတံဆိပ်ကို လိမ်ညာရယူခဲ့ဟု ဝေဖန်ခဲ့ရ

ဘာဟားမားစ်အပြေးမယ်က အနာခံပြီး ပြေးလမ်းမှာ ဒိုင်ဗင်ပစ်လိုက်တာကြောင့် အမေရိကန်အပြေးမယ် ဖိလစ်ဟာ ရွှေတံဆိပ်နဲ့ လွဲသွားပါတယ်။

play

 

အိုလံပစ်ပြိုင်ပွဲမှာ ပြိုင်ဘက်ကို အသာရဖို့ ဒိုင်ဗင်ထိုးပြီး ပန်းဝင်ခဲ့တဲ့ ဘာဟားမားစ်အပြေးမယ် ရှော်နေးမီလာဟာ အပြင်းအထန် ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရကြောင်း သိရပါတယ်။

play

 

မီတာ ၄၀၀ အပြေးပြိုင်ပွဲအတွက် ပန်းဝင်ခါနီးမှာ အမေရိကန် အပြေးသမား ဖိလစ်က အရှေ့ဆုံးက ဦးဆောင်လာပြီး ပန်းဝင်တော့မယ်လို့ ထင်ခဲ့ရပေမယ့် နောက်ဆုံးစည်းကို ကျော်ဖြတ်ချိန်မှာ ဖိလစ်နဲ့ ကပ်လိုက်လာတဲ့ ရှော်နေးမီလာက ဒိုင်ဗင်ထိုးပြီး ပန်းဝင်လိုက်တာဖြစ်ပါတယ်။ ဒီလုပ်ရပ်ကြောင့် မီလာဟာ အမေရိကန် အပြေးသမား ဖိလစ်ထက် ၀.၀၇ စက္ကန့် စောကာ ပန်းဝင်နိုင်ခဲ့ပြီး မီတာ ၄၀၀ အပြေးပြိုင်ပွဲရဲ့ ရွှေတံဆိပ်ဆုကို ရရှိခဲ့ပါတယ်။

play

တစ်တာသုံးစွဲသူ အချို့ကတော့ ရှော်နေမီလာဟာ လိမ်ညာလှည့်ဖြားသူဖြစ်ကြောင်း၊ မရိုးသားစွာ ယှဉ်ပြိုင်ခဲ့သူဖြစ်ကြောင်း ဝေဖန်ထားကြပါတယ်။ တကယ်တမ်း ရွှေတံဆိပ်ဆုကို ပရိသတ်တွေရင်ထဲက ရသူဟာ အမေရိကန်အပြေးသမား ဖိလစ်သာ ဖြစ်ကြောင်း ရေးသားဖော်ပြကြပါတယ်။

play

 

အပြေးပြိုင်ပွဲမှာ ဒိုင်ဗင်ထိုးပြီး ပန်းဝင်တာ စည်းမျဉ်းချိုးဖောက်တာ မဟုတ်တဲ့အတွက် ပရိသတ်တွေကလည်း မကျေမနပ် ဖြစ်နေကြပါတယ်။

play

Source : New Yorker

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ