Other Sports: ဓမ္မတာပေါ်နေစဉ် ပြိုင်ပွဲဝင်ရသဖြင့် ဆုတံဆိပ်နှင့်လွဲခဲ့ကြောင်း တရုတ်ရေကူးမယ် ဝန်ခံ

သတင်းထောက်ရဲ့ မေးခွန်းအပေါ် သူမရဲ့ ပွင့်လင်းတဲ့အဖြေကြောင့် ပရိသတ်အားပေးမှုကို လက်ခံရရှိခဲ့ပါတယ်။

play

 

အိုလံပစ် မီတာ ၄၀၀ လက်ဆင့်ကမ်း ရေကူးပြိုင်ပွဲမှာ စွမ်းဆောင်ရည် သာမန်ထက် နိမ့်ကျခဲ့တဲ့အပေါ် တရုတ်ရေကူး အားကစားမယ်ရဲ့ အဖြေစကားတစ်ခွန်းကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိလျှက်ရှိပါတယ်။

play

 

လက်ဆင့်ကမ်းရေကူးပြိုင်ပွဲမှာ စွမ်းဆောင်ရည် သာမန်ထက်နိမ့်ကျပြီး အနိုင်မရခဲ့ခြင်းဟာ သူမရဲ့ လစဉ်အမျိုးသမီးဓမ္မတာ လာနေတဲ့အချိန်နဲ့ တိုက်ဆိုင်သွားခဲ့လို့ဖြစ်ကြောင်း တရုတ်ရေကူးအားကစားမယ် ဖုရန်ဟိုင်က ပြောပါတယ်။ " မနေ့ညက ကျွန်မ ဓမ္မတာစလာတဲ့အချိန်နဲ့ တိုက်ဆိုင်သွားပါတယ်။ ဒါကြောင့် ကျွန်မ နည်းနည်းပင်ပန်းနေတယ်။ ဒါဟာ ဆင်ခြေပေးတာတော့ မဟုတ်ပါဘူး။ ကျွန်မလုပ်နိုင်စွမ်းရှိသလောက် မကြိုးစားနိုင်ခဲ့တာတော့ စိတ်မကောင်းဖြစ်မိပါတယ်။ အသင်းဖော်တွေကိုလည်း တောင်းပန်ပါတယ်" လို့ ဖုရန်ဟိုင်က ပြောခဲ့တာပါ။

play

 

မီဒီယာတွေရဲ့မေးခွန်းကို သူမက ဒီလိုဖြေကြားခဲ့ပြီးနောက် လူမှုကွန်ယက်မှာ သူမရဲ့အကြောင်း လူပြောများခဲ့ပြီး ပရိသတ်တွေက သူမရဲ့အဖြစ်ကို စာနာနားလည်ကြောင်း ထောက်ခံအားပေးခဲ့ကြတာ တွေ့ရပါတယ်။

အမျိုးသမီးတစ်ယောက်အတွက် ဒီလိုအချိန်မျိုးမှာတောင် ကြိုးစားပြိုင်ပွဲဝင်ပေးခဲ့တဲ့အတွက် လေးစားချီးကျူးကြောင်း တရုတ်လူမှုကွန်ယက် Weibo မှာ မှတ်ချက်ပြုကြပါတယ်။

play

ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်း သူမကြေးတံဆိပ်ရခဲ့တာကို သူမကိုယ်တိုင် မသိခဲ့ပဲ သတင်းထောက်က ပြောမှသာ သိခဲ့တဲ့ ဗီဒီယိုဖိုင်က တရုတ်ပရိသတ်တွေကြားမှာ ရေပန်းစားလျှက်ရှိပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ