Other Sports: ငယ်ပါနဲ့ ဘားတန်း မလွတ်လို့ ပြိုင်ပွဲမှာ ရှုံးနိမ့်ရတဲ့ ဂျပန်တုတ်ထောက်ခုန် အားကစားသမား

ထူးထူးခြားခြား အဖြစ်ကို ကြုံခဲ့ရပြီးနောက် ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ သူ့အဖြစ်ဟာ ပြုံးချင်စရာ ဖြစ်ခဲ့ရပါတယ်။

play

 

အိုလံပစ်ပြိုင်ပွဲဝင် ဂျပန်တုတ်ထောက်ခုန် အားကစားသမားတစ်ဦးဟာ အမျိုးသားတုတ်ထောက်ခုန် အားကစားပြိုင်ပွဲ ခြေစစ်ပွဲအဆင့်မှာပဲ ရှုံးနိမ့်သွားခဲ့ရပါတယ်။ ဟီရိုကီအိုဂီတာလို့ အမည်ရတဲ့ အဆိုပါအမျိုးသား ရှုံးနိမ့်ခဲ့ပုံက ထူးခြားလို့ လူပြောများနေပါတယ်။

play

 

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိုဂီတာဟာ တုတ်ထောက်ခုန်ပြိုင်ပွဲ ယှဉ်ပြိုင်စဉ်မှာ သူ့ရဲ့ငယ်ပါနဲ့ ဘားတန်းငြိပြီး ပြိုင်ပွဲမှာ အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ၅.၃ မီတာ အမြင့်ခုန်ပြိုင်ပွဲ လက်ရည်စစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်စဉ်မှာ အိုဂီတာဟာ ဘားတန်းကိုကျော်ပြီး ပြန်အကျမှာ ပေါင်နဲ့ ဘားတန်း အရင်ဆုံး ထိသွားခဲ့တာဖြစ်ပါတယ်။

play

 

အဲဒီနောက် သူ့ရဲ့ ငယ်ပါနဲ့ ဘားတန်းကပ်ငြိပြီး မအောင်မြင်ပဲ ပြုတ်ကျသွားခဲ့ရတာ ဖြစ်ပါတယ်။

သုံးကြိမ်ခုန်ပြီး လက်ရည်စစ်ပွဲ ကစားခဲ့တဲ့ ဒီပွဲမှာ အိုဂီတာဟာ အဲဒီထူးထူးခြားခြား ဖြစ်ရပ်ကြောင့် အဆင့် ၂၁ သာရခဲ့ပြီး ပြိုင်ပွဲကို လက်ပြနုတ်ဆက်ခဲ့ရပါတယ်။ ဒီအဖြစ်ကို ကြုံရပြီးနောက် နာကျင်မှုနဲ့ စိတ်ပျက်မှု နှစ်ခုလုံး သူ့ရဲ့မျက်နှာပေါ်မှာ ပေါ်လွင်သွားခဲ့တာကို ရုပ်သံမှာ အမိအရ ရိုက်ပြနိုင်ခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းစာက ရေးသားဖော်ပြပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ