Other Sports: ပြိုင်ပွဲအနိုင်ရဖို့ အာရုံမထားပဲ ပြိုင်ဘက်အချင်းချင်း ကူညီခဲ့သည့် အပြေးမယ်နှစ်ဦး

အပြေးပြိုင်ပွဲမှာ ဒဏ်ရာရရှိခဲ့သူအချင်းချင်း အပြန်အလှန် ဖေးမ ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

play

အိုလံပစ် အပြေးပြိုင်ပွဲ လမ်းတစ်ဝက်မှာ လဲကျသွားတဲ့ ပြိုင်ဘက်ကို ပစ်မထားခဲ့တဲ့ အပြန်အလှန်ကူညီဖေးမခဲ့ကြတဲ့ အမေရိကန်နဲ့ နယူးဇီလန် အပြေးမယ်နှစ်ဦးဟာ ပရိသတ်တွေရဲ့တခဲနက်ချီးကျူးမှုကို ရရှိလျှက်ရှိပါတယ်။

play

 

ကိုယ့်ရဲ့ ပြိုင်ဘက်ဖြစ်ပေမယ့် ပြေးလမ်းအလယ်မှာ လဲကျသွားတဲ့ နယူးဇီလန်အပြေးသမား နစ်ကီဟမ်ဘလင်းကို အမေရိကန်အပြေးသမား ဒီအာဂို့စ်တီနိုက ဆွဲထူပြီး အဆုံးထိတိုင် ဆက်ပြေးဖို့ အားပေးစကား ပြောခဲ့တာဖြစ်ပါတယ်။ မျက်ရည်တွေနဲ့ လဲကျနေခဲ့တဲ့ ဟမ်ဘလင်းကို " ထပါ။ ငါတို့ ဒါကို ပန်းဝင်တဲ့အထိ ပြေးရမယ်" လို့ ဒီအာဂို့စ်တီနိုက ပြောခဲ့တာ ဖြစ်ပါတယ်။

play

 

သူတို့နှစ်ဦးလုံးဟာ ၅၀၀၀ မီတာ တာဝေးအပြေးပြိုင်ပွဲ ခရီးလမ်းတစ်ဝက်(၁.၉မိုင်ခန့်)မှာ အချင်းချင်းတိုက်မိပြီး လဲကျကာ ဒဏ်ရာအနည်းငယ်ဆီ ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဒီအာဂို့စ်တီနိုကိုယ်တိုင်လည်း ဒဏ်ရရရှိနေခဲ့ပြီး ဟမ်ဘလင်းက တစ်ခါပြန်ကာ ကူညီပေးခဲ့ရပါတယ်။

play

 

မီတာ ၅၀၀၀ ပြိုင်ပွဲမှာ သူတို့နှစ်ဦးဟာ နောက်ဆုံးမှပန်းဝင်ခဲ့ပြီး လက်ရည်စစ်ပွဲ မအောင်မြင်ခဲ့ပေမယ့် အားကစားသမား စိတ်ဓာတ်ပီသပုံကြောင့်လူမှုကွန်ယက်မှာ ပရိသတ်တွေက ချီးကျူးဂုဏ်ပြုထားကြပါတယ်။ အိုလံပစ် အားကစားပြိုင်ပွဲရဲ့ စိတ်ဓာတ်အစစ်အမှန်ကို သူတို့နှစ်ဦးက ဖော်ပြလိုက်တာပဲလို့ ရေးသားချီးကျူးကြပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ