Other Sports: အထီးကျန်မှု ဝေဒနာ ခံစားနေရတဲ့ အိုလံပစ်က ပြေးခုန်ပစ် အားကစားမယ်

အင်စတာဂရမ်ပေါ်မှာတော့ သူမရဲ့ ဘီကီနီဝတ် အလှဓာတ်ပုံတွေက ပရိသတ်တွှေအကြား ရေပန်းစားပါတယ်။

play

 

ရုရှား ပြေးခုန်ပစ် အားကစားမယ်တစ်ဦးဖြစ်တဲ့ ခလီရှီနာဟာ ရီယိုအိုလံပစ်ပြိုင်ပွဲမှာ အထီးအကျန်ဆုံး အားကစားသမားတစ်ဦးအဖြစ် အများက သတ်မှတ်ခြင်း ခံထားရပါတယ်။

play

 

အကြောင်းကတော့ ရီယိုအိုလံပစ် ပြေးခုန်ပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ တစ်ဦးတည်းသော ရုရှား ပြေးခုန်ပစ် အားကစားသမားတစ်ဦး ဖြစ်နေလို့ပါ။ အားကစားခုံရုံးရဲ့ ဆုံးဖြတ်ချက်အရ အားကစားသမားတွေ တားမြစ်ဆေးသုံးစွဲရုံသာမက ရုရှားအစိုးရကပါ ဒီကိစ္စကို တွန်းအားပေးပြီးဖုံးဖိထားတာကြောင့် ရုရှားကစားသမား အတော်များများကို အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့် ပိတ်ပင်ထားလျှက်ရှိပါတယ်။

play

 

အထူးသဖြင့် ပြေးခုန်ပစ်ကစားသမားအားလုံးနီးပါးကို အိုလံပစ်ဝင်ခွင့် ပတ်ပင်လိုက်ပြီး  ခလီရှီနား တစ်ဦးတည်းသာ ရုရှား ကိုယ်စားပြု ပြေးခုန်ပစ်အားကစားမယ်တစ်ဦး ဖြစ်လာပါတယ်။

play

 

အသင်းဖော်တွေမရှိတဲ့ နေရာမှာ တစ်ဦးတည်း လေ့ကျင့်ပြီး ပြိုင်ပွဲဝင်ရတာ ခက်ခဲလွန်းတယ်လို့ ခလီရှီနားက ပြောပါတယ်။

play

 

အစောပိုင်းမှာ ခလီရှီနားကိုလည်း အိုလံပစ်ပြိုင်ပွဲဝင်ဖို့ ပိတ်ပင်ထားခဲ့ပေမဲ့  ပြိုင်ပွဲနီးကပ်လာချိန်မှာ သူမကို ပြန်လည်ဝင်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ