Other Sports: ရွှေတံဆိပ်ရသော်လည်း ဝမ်းနည်းနေသည့် မြောက်ကိုရီးယား အားကစားသမားက ပဟေဠိဖြစ်နေ

ရွှေတံဆိပ်ရပေမဲ့ဘာကြောင့်မပျော်နိုင်ဖြစ်နေသလဲဆိုတာ ပရိသတ်တွေကတော့ ထင်ကြေးနဲ့တင် သိနေကြပြီဖြစ်ပါတယ်။

play

 

မြောက်ကိုရီးယား ဂျွမ်းဘားအားကစားသမား စီဂွမ်းရီဟာ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့ပေမဲ့ ပြုံးပျော်နေတဲ့ မျက်နှာကို မတွေ့ခဲ့ရတဲ့အတွက် မီဒီယာတွေနဲ့ လူမှုကွန်ရက်သုံးစွဲသူအချို့ မေးခွန်းထုတ်လျှက်ရှိပါတယ်။

play

 

စီဂွမ်းရီဟာ ရုရှား ဂျွမ်းဘားအားကစားသမား အက်လျာဇင်ကို အနိုင်ယူပြီးနောက် အိုလံပစ်သမိုင်းမှာ မြောက်ကိုရီးယားအတွက် တတိယမြောက် ရွှေတံဆိပ်ကို ရယူပေးနိုင်ခဲ့တဲ့ သမိုင်းဝင် အားကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရွှေတံဆိပ် ရယူတဲ့အခမ်းအနားမှာ စီဂွမ်းရီဟာ ပြုံးပျော်တဲ့မျက်နှာမျိုး ဖြစ်မနေတဲ့အပြင် မှိုင်တွေနေတဲ့မျက်နှာနဲ့ မျက်ရည်ဝဲနေခဲ့တာကြောင့် ပရိသတ်တွေ၊ မီဒီယာတွေ ကြားထဲမှာ ပဟေဠိတစ်ခုလို ဖြစ်နေခဲ့တာပါ။

play

 

ဒါပေမဲ့ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေရဲ့ ယူဆက်ချက်ကတော့ စီဂွမ်းရီဟာ ရွှေတံဆိပ်ရပြီးတဲ့အခါ ချုပ်ချယ်မှုများစွာနဲ့ အာဏာရှင်လက်အောက်က မြောက်ကိုရီးယားနိုင်ငံကို ပြန်ရမှာဖြစ်တဲ့အတွက် ဝမ်းနည်းနေတာ ဖြစ်မယ်လို့ ယူဆကြပါတယ်။ ဘရာဇီး အိုလံပစ်မှာ လူပေါင်းများစွာလွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနေတာတွေကို စီဂွမ်းရီ မြင်တွေ့ပြီးနောက် မလွတ်လပ်ဘဲ အကြောက်တရားတွေနဲ့ နေထိုင်ရတဲ့မြောက်ကိုရီးယား နိုင်ငံသားတွေရဲ့ ဘဝကို ဝမ်းနည်းနေတာဖြစ်မယ်လို့ ဆိုကြပါတယ်။

play

 

ဒါပေမဲ့လည်း သူဟာ  ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့မိသားစုအတွက် မြောက်ကိုရီးယားကို မဖြစ်မနေ ပြန်ရဦးမှာ ဖြစ်တယ်လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။ ဒါပေမဲ့ ဂျာနစ်လစ်တွေကို စီဂွမ်းရီက ပြောကြားရာမှာတော့ နိုင်ငံ့ခေါင်းဆောင်ကြီးအတွက် ရွှေတံဆိပ်ယူပေးနိုင်လို့ ပျော်ရွှင်မိတယ် ဆိုတာကိုပဲ ပြောသွားပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ