Other Sports: မီတာ ၂၀၀ အပြေးပြိုင်ပွဲမှာ အပြတ်အသတ် ဦးဆောင်ပြီး ရွှေတံဆိပ်ရခဲ့သည့် အူစိန်ဘို့လ်

မီတာ ၂၀၀ အပြေးပြိုင်ပွဲမှာ အူစိန်ဘို့လ် ရွှေတံဆိပ် ဆွတ်ခူးခဲ့ပြန်ပါတယ်။

play

 

ရီယိုအိုလံပစ် မီတာ ၂၀၀ အမျိုးသားအပြေးပြိုင်ပွဲမှာ ဂျမေကာအပြေးချန်ပီယံ အူစိန်ဘို့လ်က နောက်ထပ် ရွှေတံဆိပ်တစ်ခု ရယူနိုင်ခဲ့ပြန်ပါတယ်။

play

 

၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲအတွင်း အပြေးသမား အူစိန်ဘို့လ်အတွက် ဒုတိယမြောက်ရွှေတံဆိပ်ဖြစ်ကာ အိုလံပစ်သမိုင်းတစ်လျှောက် သူ့အတွက် ၈ ခုမြောက်ရွှေတံဆိပ်လည်းဖြစ်လာပါတယ်။ ၁၉.၇၈ စက္ကန့်နဲ့ ပန်းဝင်ခဲ့တာဖြစ်ပြီး ကနေဒါက ဂရက်စ်နဲ့ ပြင်သစ်က လီမေတာတို့က အူစိန်ဘို့လ်နောက်မှာ အသီးသီး ပန်းဝင်ခဲ့ကြပါတယ်။ ဒီနှစ်ပြိုင်ပွဲအတွက် ဒုတိယမြောက်ရွှေတံဆိပ်ကို ရခဲ့ပြီးပြီဖြစ်တာကြောင့် ပေကျင်းအိုလံပစ်မှာ ရွှေသုံးခု ရခဲ့တဲ့ စံချိန်ကို အူစိန်ဘို့လ်လိုက်မီဖို့ နီးစပ်သွားပြီ ဖြစ်ပါတယ်။

play

 

၂၀၁၇ ကမ္ဘာ့အပြေးချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီးတဲ့အခါ အူစိန်ဘို့လ်က အပြေးသမားဘဝက အနားယူတော့မယ်လို့ ကြေညာထားပါတယ်။

Sourrce : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ