Other Sports: အိုလံပစ်တွင် ဓားပြတိုက် လုယက်ခံရသည် ဆိုသည့် ရေကူးချန်ပီယံ၏ ဖြစ်ရပ်မှာ လုပ်ကြံဖန်တီးခဲ့ခြင်းဖြစ်

အမေရိကန် အိုလံပစ်ကော်မတီကလည်း ဒီရေကူးချန်ပီယံတွေရဲ့ အပြုအမူအတွက် ပြန်လည်တောင်းပန်ခဲ့ရပါတယ်။

play

 

အိုလံပစ်ပြိုင်ပွဲ ကျင်းပနေတဲ့ ရီယိုမြို့အတွင်းမှာ လုယက်မှုခံခဲ့ရတယ်ဆိုပြီး လုပ်ကြံပြောကြားခဲ့တဲ့ ရေကူးအားကစားသမားတွေအတွက် အမေရိကန်အိုလံပစ်ကော်မတီက ပြန်လည်တောင်းပန်လိုက်ရပါတယ်။

play

 

အမေရိကန် ရေကူးသမား ရိုင်ယန်လော့ခ်ျ ဦးဆောင်တဲ့အဖွဲ့က သူတို့က ကလပ်တစ်ခုကအပြန် အကြမ်းဖက်ဓားပြတိုက် လုယက်မှုကို ကြုံတွေ့ခဲ့ရတယ်လို့ လုပ်ကြံဇာတ်လမ်းထွင်ပြီး ဘရာဇီးရဲ့ မတည်ငြိမ်မှု ပြဿနာကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဘရာဇီးရဲတပ်ဖွဲ့က စုံစမ်းခဲ့ပြီးနောက် အမေရိကန် ရေကူးချန်ပီယံတွေဟာ လုယက်မှုကို အမှန်တကယ် ကြုံတွေ့ခဲ့ရတာ မဟုတ်ဘူးလို့ ပေါ်ပေါက်ခဲ့ပါတယ်။ အမေရိကန် ရေကူးအားကစား အဖွဲ့ထဲက နှစ်ဦးဖြစ်တဲ့ ဘန့်ဇ်နဲ့ ကွန်ဂျာတို့ဟာပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အိမ်ပြန်ဖို့ လေယာဉ်ကွင်းကိုအလာ လေဆိပ်မှာ တားဆီးခံခဲ့ရပြီး ရဲတပ်ဖွဲ့ရဲ့ မေးမြန်ခြင်းကို ခံခဲ့ရပါတယ်။

play

 

စုံစမ်းမေးမြန်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ရေကူးအားကစားသမားတွေအပေါ် လုယက်မှုမျိုး မရှိခဲ့ကြောင်း ဘရာဇီးရဲအရာရှိချုပ် ဗီလိုဆိုက သတင်းထောက်တွေက ပြောကြားခဲ့တာဖြစ်ပါတယ်။ " ဒီအပြုအမူမျိုးဟာ လက်ခံနိုင်စရာ မရှိကြောင်းနဲ့ အမေရိကန် အားကစားအဖွဲ့အပေါ် တန်ဖိုးကျဆင်းစေကြောင်း အိုလံပစ်ကော်မတီက ထုတ်ပြန်စာ ကြေညာပြီး တောင်းပန်ခဲ့ရပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ