ဘရာဇီး၊ ရီယိုဒီဂျနေးရိုးမြို့မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် ကျောင်းသူတစ်ဦးက အူစိန်ဘို့လ်နဲ့ အိပ်ရာထဲ အတူရှိနေနတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ ပြန်လည်မျှဝေလိုက်ပါတယ်။
ရီယိုအိုလံပစ်မှာ ရွှေတံဆိပ်သုံးခုရပြီးနောက် စုစုပေါင်း အိုလံပစ်ရွှေတံဆိပ် ကိုးခုရှင်ဖြစ်ခဲ့တဲ့ အူစိန်ဘို့လ်က ပြိုင်ပွဲတွေအပြီးမှာ သူ့ရဲ့ အသက် ၃၀ ပြည့်မွေးနေ့ပါတီကို ရီယိုမြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ မွေးနေ့ပွဲကို စနေညမှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး နောက်တစ်နေ့မနက် အစောပိုင်းအထိ ပျော်ပါးခဲ့ကြတာဖြစ်ပါတယ်။
မကြာသေးခင်ကပဲ အူစိန်ဘို့လ်နဲ့သူ့ရဲ့ချစ်သူအကြောင်းကို သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပြီး မကြာခင် လက်ထပ်ကြတော့မယ်လို့ ဆိုထားပါတယ်။ ဒီဓာတ်ပုံတွေတွေ့တဲ့အခါ အူစိန်ဘို့လ်ရဲ့ ချစ်သူက ဘာပြောမလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားဖော်ပြကြပါတယ်။
ဘရာဇီးပြည်တွင်းသတင်းစာအချို့က အူစိန်ဘို့လ်နဲ့ အိပ်ရာထဲ အတူရှိနေခဲ့တဲ့ ဒတ်တေးဆိုသူ အမျိုးသမီးငယ်ကို မေးမြန်းထားမှုအရ သူမအနေနဲ့ အဆိုပါ အမျိုးသားဟာ အစပိုင်းမှာ အူစိန်ဘို့လ်ဆိုတာ မသိခဲ့ဘူးလို့ ဆိုပါတယ်။
Source : Daily Mail