Other Sports: အိုလံပစ်ရွှေတံဆိပ် ရပြီးနောက် ကမ်းခြေမှာ အောင်ပွဲခံနေတဲ့ ရုရှား ရေကူးအားကစားမယ်များ

ရွှေတံဆိပ်ရတဲ့ အောင်မြင်မှု အထိမ်းအမှတ် အတွက်ဘီကီနီ ဝတ်စုံတွေနဲ့ ကမ်းခြေမှာ အောင်ပွဲခံနေကြတာပါ။

play

 

ရီယိုအိုလံပစ် အဖွဲ့လိုက်အလှဆင် ရေကူးပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့ကြတဲ့ ရုရှား ရေကူးအားကစားမယ်တွေဟာ ရီယိုမြို့က ကမ်းခြေမှာ ပျော်မြူးနေကြတဲ့ ဗီဒီယိုဖိုင်ကို ထုတ်လွှင့်လိုက်ပြန်ပါတယ်။

play

 

ဘီကီနီ ကိုယ်စီနဲ့ ရေကူးအားကစားမယ်တွေက ကမ်းခြေမှာ နောင်ပြောင် ကပြနေတဲ့ ပုံတွေကို ဗီဒီယိုမှတ်တမ်း တင်ထားတာဖြစ်ပြီး ဂျက်စတင်တင်းဘားလိတ်ရဲ့ Can't Stop the Feeling သီချင်းကို နောက်ခံဖွင့်ထားပါသေးတယ်။

play

 

သူတို့တွေ ကျွမ်းကျင်ရာဖြစ်တဲ့ ရေကူးရင်း အလှကပြကြသလိုပဲ ကမ်းခြေမှာလည်း သူတို့က မရပ်မနား ကနေကြဆဲပါ။

play

 

သူတို့ကိုယ်တိုင် ရိုက်ကူးထားတဲ့ ဗီဒီယိုကို အင်စတာဂရမ်မှာ ပြန်လည်ဝေမျှခဲ့တာဖြစ်ပြီး  အိုလံပစ်ပြိုင်ပွဲက သူမတို့ရဲ့ အောင်မြင်မှုနဲ့ ခံစားမှုတွေကို ရေးသားဖော်ပြထားပါသေးတယ်။ သြဂုတ် ၁၉ ရက်နေ့မှာ ရုရှား အလှရေကူး အဖွဲ့က တရုတ်ကိုကျော်ဖြတ်ပြီး ရွှေတံဆိပ် ရခဲ့တာဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ