Other Sports: ပိုကာဝိုင်းမှာ အနိုင်ရတဲ့ ပိုက်ဆံတွေကို ကလေးငယ်များ ရန်ပုံငွေအတွက် ရော်နယ်ဒိုလှူဒါန်း

ကလေးငယ်များ ရန်ပုံငွေရှာဖွေဖို့အတွက် ရော်နယ်ဒိုနဲ့ သရုပ်ဆောင် အာရွန်ပေါလ်တို့ ပိုကာဖဲဝိုင်း ကစားခဲ့ကြပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အသင်းကစားသမား ရော်နယ်ဒိုဟာ ရန်ပုံငွေတွေ လှူဒါန်းတဲ့နေရာမှာ စိတ်ရောကိုယ်ပါ ပြုလုပ်လေ့ရှိသူဖြစ်ကြောင်း သက်သေထပ်ပြလိုက်ပြန်ပါပြီ။

play

 

ရုပ်ရှင်သရုပ်ဆောင် အာရွန်ပေါလ်နဲ့ ရော်နယ်ဒိုတို့ဟာ ပိုကာဖဲဝိုင်း တစ်ပွဲကို ချိန်းပွဲကစားဖို့ သဘောတူခဲ့ကြပါတယ်။ နှစ်ဦးသား ပိုကာကစားခဲ့ကြရာမှာ ရော်နယ်ဒိုက သရုပ်ဆောင်အာရွန်ပေါလ်ကို အနိုင်ရရှိသွားခဲ့ကြောင်း သိရပါတယ်။ ရော်နယ်ဒိုဟာ ပိုကာ ကစားပွဲကနေ အနိုင်ရခဲ့တဲ့ အမေရိကန်ဒေါ်လာ နှစ်သောင်းလုံးကို ကလေးသူငယ်တွေအတွက် ပြန်လည်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

play

 

ဒီပိုကာပွဲကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ ရော်နယ်ဒိုက တကယ့်ဝါရင့်ကစားသမားကြီးတစ်ယောက်လို ရှိနေခဲ့ပြီး လည်ပင်းမှာလညည်း head-phone ကိုစွပ်ထားပါသေးတယ်။

play

 

ပိုကာဝိုင်းက ပိုက်ဆံတွေကို Save the Children အဖွဲ့အစည်းရန်ပုံငွေအဖြစ် လှူဒါန်းသွားမှာပါ။ အမှန်တော့ ဒီပိုကာပွဲဟာ ရန်ပုံငွေအတွက် လှူဒါန်းဖို့ ရည်ရွယ်ပြီး နာမည်ကျော်နှစ်ဦးကို ဖိတ်ခေါ်ကစားခဲ့တာဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ