Other Sports: နာဗရာတီလိုဗာရဲ့ စံချိန်ကိုချိုးလိုက်နိုင်တဲ့ ဆရီနာ

ဆရီနာက ယခုနိုင်ပွဲဖြင့် ဂရင်းဆလင်းနိုင်ပွဲ အများဆုံးအဖြစ် စံချိန်တင်ထားတဲ့ တင်းနစ်မယ် မာတီနာ နာဗရာတီလိုဗာကို ဖြတ်ကျော်ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

play
ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ် ဆရီနာဝီလျံ


ကမ္ဘာ့အဆင့်တစ် အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံက ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ တတိယအဆင့်မှာ အနိုင်ရရှိခဲ့ပြီးနောက် ဂရင်းဆလင်းအဆင့် ပွဲစဉ်အနိုင်ရရှိမှု အများဆုံး တင်းနစ်မယ် ဖြစ်လာခဲ့ပါတယ်။

play
မာတီနာ နာဗရာတီလိုဗာ


ယူအက်စ်အိုးပင်း တတိယအဆင့်မှာ ဆရီနာက ဆွီဒင်သူ လာဆင်ကို ၆-၂၊ ၆-၁ ဖြင့် အနိုင်ရရှိခဲ့ပြီး ဂရင်းဆလင်းပွဲစဉ် ၃၀၇ ပွဲမြောက် အနိုင်ရရှိမှုလည်း ဖြစ်ပါတယ်။ ဆရီနာက ယခုနိုင်ပွဲဖြင့် ဂရင်းဆလင်းနိုင်ပွဲ အများဆုံးအဖြစ် ယခင် စံချိန်တင်ထားတဲ့ တင်းနစ်မယ် မာတီနာ နာဗရာတီလိုဗာကို ဖြတ်ကျော်ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် ဆရီနာဟာ သူမရဲ့ ပထမဆုံး ဂရင်းဆလင်း ဆုဖလားကို ၁၉၉၉ ခုနှစ်မှာ ရရှိခဲ့ပြီး ယူအက်စ်အိုးပင်း ချန်ပီယံဆုကို ၆ ကြိမ် ရရှိထားပါတယ်။ ယခုနှစ် ယူအက်စ်အိုးပင်း စတုတ္ထအဆင့်မှာ ဆရီနာနဲ့ ကာဇက်စတန် တင်းနစ်မယ် ယာရိုဆလာဗာ ရှက်ဗ်ဒိုဗာတို့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ