Other Sports: ဖော်မြူလာဝမ်းကို လာမယ့် သီတင်းပတ်အတွင်း ရောင်းချသွားမည်ဟုဆို

Liberty Media က F1 ကို အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံဖြင့် ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့တယ်လို့ ဆိုပါတယ်။

play


ကမ္ဘာကျော် ကားမောင်းပြိုင်ပွဲ ဖော်မြူလာဝမ်း (Formula One - F1) အုပ်စုကို အမေရိကန် မီဒီယာလုပ်ငန်းစုထံ လာမယ့် သီတင်းပတ်အတွင်း အပြီးသတ် ရောင်းချသွားတော့မှာဖြစ်ကြောင်း စက်တင်ဘာ ၄ ရက် သတင်းတွေက ဖော်ပြပါတယ်။

play


ဂျာမန်မဂ္ဂဇင်း Auto Motor Und Sport က ဖော်ပြမှုအရ အမေရိကန် မီဒီယာလုပ်ငန်းစု Liberty Media က F1 ကို ဝယ်ယူရန် ပထမအကြိမ် ငွေပေးချေမှုအဖြစ် လာမယ့် အင်္ဂါနေ့ (စက်တင်ဘာ ၆ ရက်) မှာ ပေးချသွားမယ်လို့ သိရပါတယ်။ Liberty Media က F1 ကို အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံဖြင့် ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီး ငွေပေးချေမှုကို နှစ်ကြိမ်ခွဲပေးချေသွားမယ်လို့ ဆိုပါတယ်။

play


သတင်းများအရ Libety Media က F1 ကို ဝယ်ယူပြီးလျှင် လက်ရှိမှာ F1 ရှယ်ယာ ၃၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ CVC Capital Parners ဟာ ကားမောင်းပြိုင်ပွဲများမှ ထွက်ခွာသွားမယ်လို့ သိရပါတယ်။

play


Liberty Media အုပ်စုက F1 ကားမောင်းပြိုင်ပွဲတွေကို စီစဉ်ကျင်းပနေတဲ့ ကုမ္ပဏီကို ထိန်းချုပ်ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ