Other Sports: တစ်နေ့မာရသွန် သုံးခုပြေးပြီး ကမ္ဘာ့စံချိန်ချိုးမယ့် အမျိုးသမီး

အရင်ကလည်း ကမ္ဘာ့စံချိန်ကို ချိုးထားပြီးသား မာရသွန်သမား ဖြစ်ပါတယ်။

play

 

မန်ချက်စတာမြို့မှာ နေထိုင်တဲ့ အားကစားသမားဆိုင်ရာ ကုထုံးပညာရှင် အမျိုးသမီးတစ်ဦးဟာ မာရသွန်လောကမှာ စံချိန်တစ်ခုချိုးဖို့ ပြင်ဆင်လျှက်ရှိပါတယ်။

play

 

မာရသွန်ပြိုင်ပွဲတစ်ခုဝင်ပြိုင်ဖို့အတွက် အားကစားသမားတွေဟာ လနဲ့ချီပြီး လေ့ကျင့်ရလေ့ရှိပါတယ်။ သူမကတော့ တစ်နေ့ကို မာရသွန်းသုံးခု ပြေးပြီး ဒီစံချိန်အတိုင်း တစ်ပတ်တိတိ နေ့တိုင်းပြေးသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဒီအတိုင်း လုပ်နိုင်ခဲ့မယ်ဆိုရင် သူမဟာ မာရသွန်လောကရဲ့ နောက်ထပ်စံချိန်တစ်ခုကို ချိုးနိုင်တော့မှာပါ။

play

 

အရင်ကလည်း သူမဟာ ၅၃ ရက်အတွင်း မာရသွန်ပြိုင်ပွဲ ၅၃ ခုမှာ မိုင်ပေါင်း ၁၃၈၈ မိုင် ပြေးပြီးနောက် အမျိုးသား၊ အမျိုးသမီး နှစ်ရပ်လုံးအတွက် စံချိန်ချိုးထားသူဖြစ်ပါတယ်။

play

 

" ကျွန်မလည်း သာမန်မိန်းကလေးတစ်ယောက်ပါပဲ။ လူတွေရဲ့ စိတ်ထဲမှာ လုပ်ချင်တာ တစ်ခုဖြစ်လာရင် ဘာမဆို လုပ်နိုင်စွမ်း ရှိတယ်ဆိုတာမျိုး ကျွန်မသက်သေပြချင်တာပါ" လို့ အေမီဟုခ်ျဆိုတဲ့ အဆိုပါအမျိုးသမီးက ပြောပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး