Other Sports: ဖော်မြူလာဝမ်းကို ဝယ်ယူမည်ဖြစ်ကြောင်း အမေရိကန်မီဒီယာအုပ်စု အတည်ပြု

ဘာနီ အက်ကလက်စတုန်းက F1 ရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် ဆက်လက်ရှိနေမှာ ဖြစ်ပေမဲ့ 21st Century Fox ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ချက်စ်ကာရေးက F1 ဥက္ကဋ္ဌဖြစ်လာမှာပါ။

play


ကမ္ဘာကျော် ကားမောင်းပြိုင်ပွဲ ဖော်မြူလာဝမ်း (Formula One - F1) အုပ်စု အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံဖြင့် ဝယ်ယူရန် သဘောတူညီမှုရပြီဖြစ်ကြောင်း Liberty Media လုပ်ငန်းစုက အတည်ပြု ပြောကြားလိုက်ပါတယ်။

play


ယခု အရောင်းအဝယ်အရ အနာဂတ်မှာ F1 ကို ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ထင်ကြေးပေးပြောဆိုမှုတွေကို အဆုံးသတ်သွားစေခဲ့ပါတယ်။

play


ဘာနီ အက်ကလက်စတုန်းက F1 ရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် ဆက်လက်ရှိနေမှာ ဖြစ်ပေမဲ့ 21st Century Fox ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ချက်စ်ကာရေးက F1 ဥက္ကဋ္ဌဖြစ်လာမှာပါ။ Liberty Media က Atlanta Braves မေဂျာလိဂ်ဘေ့စ်ဘော ကလပ်အပါအဝင် အားကစားနဲ့ ဖျော်ဖြေရေးလုပ်ငန်း အချို့မှာ ရှယ်ယာများ ပိုင်ဆိုင်ထားပါတယ်။

play


ဘီလျံနာ ဂျွန်မဲလ်လိုနီ ပိုင်ဆိုင်တဲ့ မီဒီယာအုပ်စုက မော်တော်ဆိုင်ကယ်ပြိုင်ပွဲအုပ်စုရဲ့ ရှယ်ယာအနည်းငယ်ကိုလည်း ဝယ်ယူထားခဲ့ပြီး အားလုံးကို ဝယ်ယူသွားရန် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

F1 ကို အပြီးသတ်ဝယ်ယူမှုအတွက် Liberty Media အနေဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ပေးချေရမှာဖြစ်ပြီး ၎င်းအနက် F1 ရဲ့အကြွေး ဒေါ်လာ ၄.၁ ဘီလီယံလည်း အပါအဝင်ဖြစ်ကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ