Other Sports: ဆရီနာဝီလျံ ယူအက်စ်အိုးပင်းမှ ရှုံးနိမ့်ထွက်ခွာရ

ယူအက်စ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်အဖြစ် ဂျာမန်တင်းနစ်မယ် ကာဘာနဲ့ ပီလစ်ကိုဗာတို့ တွေ့ဆုံယှဉ်ပြိုင်ရမှာပါ။

play


ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်မှာ နာမည်ကြီး ကမ္ဘာ့အဆင့်တစ် အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံဟာ ကာရိုလီနာ ပီလစ်ကိုဗာကို ရှုံးနိမ့်ပြီး ဂရင်းဆလင်းဆုဖလား ၂၃ ကြိမ်မြောက် ရရှိနိုင်မယ့် အခွင့်အရေးကို လက်လွတ်ဆုံးရှုံးကာပြိုင်ပွဲမှထွက်ခဲ့ရပါတယ်။

play


ကမ္ဘာ့အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ ချက်တင်းနစ်မယ် ပီလစ်ကိုဗာက သူမရဲ့ ကစားသမားသက်တမ်းမှာ ပထမဆုံး ဂရင်းဆလင်း ဆီမီးဖိုင်နယ်အဖြစ် ဆရီနာနဲ့ ယှဉ်ပြိုင်ကစားပြီး ၆-၂၊ ၇-၆ ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။

play


ယခုနှစ် ယူအက်စ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်အဖြစ် ဂျာမန်တင်းနစ်မယ် ကာဘာနဲ့ ပီလစ်ကိုဗာတို့ တွေ့ဆုံယှဉ်ပြိုင်ရမှာပါ။

play


ကာဘာက Caroline Wozniacki ကာရိုလိုင်း ဝေါ့ဇ်နီယာကီကို ၆-၄၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်လာတာ ဖြစ်ပါတယ်။ ကာဘာနဲ့ ပီလစ်ကိုဗာတို့ရဲ့ ဗိုလ်လုပွဲကို စက်တင်ဘာ ၁၁ ရက် (တနင်္ဂနွေနေ့) နံနက် ၂း၃၀ မှာ ယှဉ်ပြိုင်ကစားမှာပါ။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး