Other Sports: ဓါးပြတိုက်ခံရသည်ဟု လိမ်လည်ထွက်ဆိုသည့် ရေကူးအားကစားသမားကို ပြစ်ဒဏ်ချ

ဘရာဇီးအိုလံပစ်မှာ ဖြစ်ပွားခဲ့တာပါ။

play

 

ဘရာဇီးအိုလံပစ်ပြိုင်ပွဲမှာ ဓါးပြတိုက်ခံရတယ်လို့ လိမ်လည်ထွက်ဆိုခဲ့တဲ့ အမေရိကန်ရေကူးအားကစားသမား ရိုင်ယန်လော့ခ်ျကို ဆယ်လပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

အသက် ၃၂ နှစ်အရွယ် ရေကူးသမား လော့ခ်ျဟာ ညဘက်အပြင်ထွက်စဉ် ကားဂိတ်မှာ ဓါးပြတိုက်လုယက်ခံရတာဖြစ်တယ်လို့ လုပ်ကြံဖန်တီးပြီး သတင်းပေးခဲ့တာဖြစ်ပါတယ်။ ဘရာဇီးရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ကားလော့ခ်ျအပါအဝင် သူတို့အားကစားသမားအုပ်စုဟာ ဓါးပြတိုက်လုယက်ခံခဲ့ရတာမဟုတ်ပဲ သူတို့ကိုယ်တိုင် ဘတ်စ်ကားဂိတ်ကို ဖျက်စီးခဲ့ကြတာဖြစ်ကြောင်း လုံခြုံရေးကင်မရာကတဆင့် တွေ့ရှိခဲ့ကြပါတယ်။

play

 

အမေရိကန်ရေကူးအားကစားအဖွဲ့ချုပ်အပါအဝင် အမေရိကန် အိုလံပစ်ကော်မတီကပါ လော့ခ်ျရဲ့ အပြုအမူအတွက် ပွဲပယ်ဖို့ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ လော့ခ်ျအပါအဝင် အခြားရေကူးသမား သုံးဦးလည်း လေးလ ပွဲပယ် ပြစ်ဒဏ်ချခံခဲ့ရပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး