Other Sports: ဂျာမနီတင်းနစ်မယ် ကာဘာ ယူအက်စ်အိုးပင်းမှာ ဗိုလ်စွဲ

ကာဘာက ယခုနှစ်မှာ သြစတြေးလျအိုးပင်းနဲ့ ယူအက်စ်အိုးပင်း ဂရင်းဆလင်းချန်ပီယံဆု နှစ်ခုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

play


ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်ကို ယနေ့ (စက်တင်ဘာ ၁၁ ရက်) နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဂျာမန်သူ အန်ဂျလီကေး ကာဘာက ချက်တင်းနစ်မယ် ကာရိုလီနာ ပီလစ်ကိုဗာကို အနိုင်ယူပြီး ဆုဖလား ဆွတ်ခူးသွားပါတယ်။

play


ကာဘာက ပီလစ်ကိုဗာကို ၆-၃၊ ၄-၆၊ ၆-၄ ဖြင့် အနိုင်ရရှိပြီး သူမအတွက် ပထမဆုံး ယူအက်စ်အိုးပင်း ဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကာဘာဟာ ယခုနှစ် သြစတြေးလျအိုးပင်းမှာလည်း ချန်ပီယံဆုကို ရရှိထားပါတယ်။

play


ကာဘာဟာ ယခင်က ဂရင်းဆလင်းဆုဖလား ဆွတ်ခူးထားနိုင်ခဲ့ခြင်း မရှိဘဲ ယခုနှစ်မှာတော့ သြစတြေးလျအိုးပင်းနဲ့ ယူအက်စ်အိုးပင်း ဂရင်းဆလင်းချန်ပီယံဆု နှစ်ခုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

play


ယူအက်စ်အိုးပင်း အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်ကို စက်တင်ဘာ ၁၂ ရက် မြန်မာစံတော်ချိန် နံနက် ၂း၃၀ မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ဂျုကိုဗစ်နဲ့ ဝေါရင်ကာတို့ တွေ့ဆုံကြမှာပါ။

play


Source & Photo: BBC, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ