Other Sports: ခွေးတွေကြောင့် ကမ္ဘာ့စံချိန်တင်သွားတဲ့ ဘေ့စ်ဘောပြိုင်ပွဲ

ခွေးကောင်ရေ ၁၁၂၂ လာရောက်ပြီး ခုလိုစံချိန်ရသွားခဲ့တာဖြစ်ပါတယ်။

play

 

ခွေးတွေဟာ လူချစ်ခံရဆုံး တိရစ္ဆာန်တွေဖြစ်သလို ဘေ့စ်ဘောကလည်း လူကြိုက်များလှတဲ့ ကစားနည်းတစ်ခုပါ။ ဘေ့စ်ဘောပြိုင်ပွဲတစ်ခုမှာတော့ ခွေးတွေကြောင့် ဂင်းနစ်ကမ္ဘာ့စံချိန်ရသွားခဲ့ပါတယ်။

play

 

အမေရိကန်ပြည်ထောင်စုက Chicago White Sox ဘေ့စ်ဘောအသင်းရဲ့ပရိသတ်တွေဟာ မိမိတို့အချစ်တော်ခွေးတွေကို ခေါ်ဆောင်လာခွင့်ရရှိထားပါတယ်။ အသင်းရဲ့လေ့ကျင့်ကွင်းမှာတော့ ခွေးတွေရဲ့အသံတွေကို အမြဲလိုလိုကြားရလေ့ရှိပါတယ်။

play

 

Chicago White Sox ဘေ့စ်ဘောအသင်းဟာ ခွေးတွေအများဆုံးတက်ရောက်ကြတဲ့ အားကစားပွဲအဖြစ်နဲ့ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းဝင်သွားခဲ့ပါတယ်။ အင်္ဂါညက Chicago White Sox အသင်းနဲ့ Cleveland Indians အသင်းတို့ ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ ခွေးကောင်ရေ ၁၁၂၂ လာရောက်ပြီး ခုလိုစံချိန်ရသွားခဲ့တာဖြစ်ပါတယ်။

Source : CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ